မော်ရင်ဟို လူကပ် ကစားစေခဲ့တဲ့ ကစားသမား အမည်နဲ့ ဟာဟဆန်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ထုတ်ပြောလာတဲ့ ဟာရဲရား

Manchester United ကွင်းလယ်ကစား သမားဟောင်း အန်ဒါ ဟာရဲရား က ချဲလ်ဆီး အသင်းဘက် တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးပေးထား နိုင်ခဲ့တဲ့ ပွဲစဥ် အကြောင်း ထုတ်ပြောရင်း ဒါက ဟာသ ဆန်ခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ 2016, 17 ဘောလုံး ရာသီမှာ ချဲလ်ဆီး က




စပါးကို ကျော်ဖြတ်ပြီး အမှတ််ပေး ချန်ပီယံ ဖြစ်ခဲ့ချိန်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ရမှတ် 69 မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အဆင့် 6 နေရာနဲ့ ရာသီ ပိတ်သိမ်းခဲ့ရပြီး 2017 ဧပြီလ က မန်ချက်စတာ ယူနိုက်တက် တို့ ချဲလ်ဆီးနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဥ်မှ





ဟာရဲရား ရဲ့ သွင်းဂိုး၊ ဖန်တီးမှု တို့ကြောင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ်မှာ မော်ရင်ဟို ဟာ ဟာရဲရား ကို ကွင်းလယ်ခံစစ် ကစားစေခဲ့ပြီး ဒါ့အပြင် ချဲလ်ဆီး အတွက် အထူး ပုံစံကောင်း ပြသထားတဲ့ အီဒင် ဟာဇက် ကို လူကပ် ကစားစေဖို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။




ဒီပွဲစဥ်မှာ သွင်းဂိုး ၂ ဂိုးလုံးကို ပတ်သက်နိုင်တာ ဟာသ ဆန်ခဲ့တယ်လို့ ဟာရဲရားက ပြောဆိုလိုက်ပါတယ်၊ မော်ရင်ဟို မှ ဟာဇက် ကို လူကပ် ကစားရမယ်လို့ မှာကြားခဲ့ချိန်က သူ အိမ်သာသွား ရင်တောင် နောက်က လိုက်သွား မယ်လို့ အရွှန်းဖောက််ခဲ့ သေးကြောင်း ဟာရဲရား က ဆိုလိုက်တာ ဖြစ်ပါတယ်။




အဲ့အချိန်က ဟာဇက်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားပါ၊ သူအကောင်းဆုံး အချက်အလက်တွေ အပြင် အရာရာတိုင်းကို ပိုင်ဆိုင်ထားခဲ့တာပါ၊ အဲ့ဒီတုန်းက ချဲလ်ဆီးက on fire ဖြစ်နေခဲ့တယ်၊ ဒီအချိန်မှာ မော်ရင်ဟိုက ဟာဇက်ကို လူကပ် ကစားရမယ့် သူဟာ ကျွန်တော်ပဲလို့ သတ်မှတ်သွားခဲ့တာပါ။




ပွဲ မကစားမီ နှစ်ရက် အလိုမှာ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမယ်၊ သူ အိမ်သာထဲ သွားရင်တောင် လိုက်သွားမယ်။ လို့ ပြောဖြစ် ခဲ့ပါတယ်၊ ဒီပွဲက ဟာသ ဆန်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆို ဒီပွဲမှာ ကျွန်တော် ခံစစ်ပိုင်း ဆင်းကူ ကစားဖို့ စေညွှန်ခံခဲ့ရတာလေ ဒါပေမဲ့ ကျွန်တော် တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးနိုင် ခဲ့တယ်လို့ ဟာရဲရားက ပြောဆိုသွားခဲ့ပါတယ်။

credit