ဘန်လေကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်း နိုင်ပြီးနောက် ပြိုင်ဘက် အသင်းတွေ တုန်လှုပ်စေမယ့် စကားကို ရပ်ရှ်ဖို့ဒ် ထုတ်ပြော

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် က ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီးအက်ဖ်အယ် ဖလားရဲ့ ၁၆ သင်း အဆင့် ပွဲစဉ်မှာ ဘန်လေ အသင်းကို 2-0 နဲ့ အနိုင်ရခဲ့ပြီး သူတို့ အသင်းဟာ




EFLဖလားကို အရ ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ Manchester United ဟာ EFLဖလား ၁၆ သင်း အဆင့် ပွဲစဉ် အဖြစ် ဘန်လေ ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ

အဓိက ကွင်းလယ်လူ အဲရစ်ဆင် နဲ့ အဓိက တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ သွင်းဂိုးတွေနဲ့ အတူ 2-0 ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်း သွားနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် 2-0 ဘန်လေ ပွဲစဉ်မှာ

နှစ်သင်းလုံး အဓိက ကစားသမား အများအပြားကို ထုတ်သုံးခဲ့ ကြပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ ကစားပုံ အရ ပိုမို အသာစီးရခဲ့သလို နှစ်ဖက် အသင်းရဲ့ ကစားသမားတွေ ကြားထဲမှာ အရည်အသွေး ကွာဟချက်လည်း




ကြီးမားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အလွယ်တကူပဲ ဘန်လေ ကို အနိုင်ရခဲ့တာပါ။ EFL ဖလားရဲ့ ကွာတားဖိုင်နယ် မှာတော့ လက်စတာ၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဝုလ်ဗ်၊ နော်တင်ဟမ် ဖောရက်စ်




ချာလ်တန်၊ မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး နဲ့ လီဗာပူး တို့ ပွဲမှာ အနိုင်ရတဲ့ အသင်း တို့သာ ကျန်ရှိတော့ပြီး မန်ချက်စတာ ယူနိုက်တက် ကသာ မန်ချက်စတာ စီးတီး သို့ လီဗာပူး တို့နဲ့သာ မဆုံတွေ့ခဲ့ရင်




လွယ်လင့်တကူ ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ချေ ရှိနေပါတယ်၊ ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် 2-0 ဘန်လေ ပွဲစဉ်မှာ ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကို ရခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ် က




သူတို့ အသင်းဟာ EFL ဖလားကို ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ် က ကျွန်တော်တို့က ယှဉ်ပြိုင် ကစားရတဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထား ကြိုးစားသွားမှာပါ။




ဒီ ပြိုင်ပွဲက ကျွန်တော်တို့တွေ ဗိုလ်စွဲနိုင်ဖို့ အလားအလာ ကောင်းတွေ ရှိတဲ့ ပြိုင်ပွဲမျိုးပါ၊ ဒါကြောင့် ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော် တို့က ဒီ ပြိုင်ပွဲရဲ့




ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထား တာကြောင့် ဖေဖော်ဝါရီ လမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြပါ၊ ကျွန်တော်တို့ ဒီ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။ လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit