ဘန်လေနဲ့ ပွဲမှ ရပ်ရှ်ဖို့ဒ်ရဲ့ ကမ္ဘာကျော် ဂိုးသွင်းယူနည်းကို တတ်မြောက်ဖို့ အမ်ဘာပေ အနေနဲ့ မန်ယူကို ပြောင်းရွှေ့သင့်သည်ဟု ဆို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ဗုဒ္ဓဟူးနေ့ ညက ဘန်လေနဲ့ ပွဲစဉ်မှာ ပုံမှန် ခြေစွမ်း ပြန်လည် ရရှိနေပြီ ဆိုတာကို ပြသခဲ့ပါတယ်၊ ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်




ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေမှာ မဖြစ်မနေ လိုအပ်နေတဲ့ ယုံကြည်ချက်တွေကို ပြန်လည် ရရှိခဲ့ပုံ ပေါ်ပါတယ်၊ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပြန်လာခဲ့ ပြီးနောက် ရက် အနည်းငယ် အကြာမှာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ




ဗုဒ္ဓဟူးနေ့ ညက ဘန်လေနဲ့ ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ် အတွင်း အလွန့်အလွန် ကောင်းမွန်တဲ့ တကိုယ်တော် အားထုတ်မှုနဲ့ ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဟာ ကိုယ့်ကွင်းဘက် အခြမ်းကနေ ဘောလုံးကို ရယူခဲ့ပြီး နောက် အနည်းဆုံး




ကိုက် ၄၀ ပြေးလွှားပြီး အလွန်အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ အတူ ဂျော်ဒန် ဘီရာ ကို ကျော်ဖြတ်ပြီး ကန်သွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ သွင်းဂိုးဟာ ရိုင်ယန် ဂစ် ရဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တုန်းက အာဆင်နယ် အသင်းဘက်ကို




တကိုယ်တော် စွမ်းရည်နဲ့ သွင်းယူခဲ့တဲ့ ကျော်ကြားတဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ်ခြင်း ခံရလောက်အောင် ကောင်းမွန်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဆီကနေ အရမ်းကောင်းတဲ့ ခြေစွမ်းပဲ၊ သူ ညာတောင်ပံ ကနေ လုပ်ပြ ခဲ့ဖူးသမျှထဲက




အကောင်းဆုံး ကစားပုံပဲ။ လို့ တွစ်တာ အသုံးပြုသူ ပရိသတ် တစ်ဦးက မှတ်ချက် ပေးခဲ့ပြီး နောက်ထပ် တစ်ဦး ကလည်း အမ်ဘာပေ အနေနဲ့ သူ့ရဲ့ စံပြ ပုဂ္ဂိုလ် ရပ်ရှ်ဖို့ဒ် နဲ့ ကစားချင်တယ် ဆိုရင်တော့ ဒီကို လာရလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။




ဗုဒ္ဓဟူး နေ့ည ကာရာဘောင် ဖလား ၁၆ သင်း ရှုံးထွက် အဆင့် နိုင်ပွဲမှာ အဲရစ်ဆင် က တန်ဟက်ဂ် ရဲ့အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး ညာတောင်ပံ ကနေ ဝမ် ဘစ်ဆာကာ ဆီကနေ အလွန် ကောင်းမွန်တဲ့ ကစားပုံကနေ တဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

credit