ဒါလော့ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေပြီ ဖြစ်တဲ့ ထိပ်သီး ကလပ်အသင်း နှစ်သင်း

Manchester United ညာနောက်ခံလူ ဒီယေဂို ဒါလော့ ကို ခေါ်ယူနိုင်ဖို့ ဥရောပ ထိပ်သီးတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်vနဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်၊ အသက်၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဟာ




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် စိတ်ကြိုက် ကစားသမား ဖြစ်ပြီး လက်ရှိ ဘောလုံး ရာသီမှာ အသင်းရဲ့ ညာနောက်ခံလူ နေရာ အတွက် ဦးစားပေး ကစားသမားလည်း ဖြစ်ပါတယ်၊ လင်ဒီအော့ဖ် ကလည်း ဒီနေရာ အတွက် ရံဖန်ရံခါ




ကစားလေ့ ရှိပေမယ့် လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ မန်ချက်စတာ ယူနိုက်တက် က ညာနောက်ခံလူ နေရာမှာ အင်အား ဖြည့်တင်းသွားဖို့ စီစဉ်ဖွယ် ရှိနေပါတယ်၊ ဒါပေမယ့် ဂျာမန် အင်အားကြီး ဘိုင်ယန်မြူးနစ် က ပေါ်တူဂီ လက်ရွေးစင် အပေါ် ကာလရှည်




စောင့်ကြည့် နေခဲ့သလို အီတလီ ထိပ်သီး ဂျူဗင်တပ်စ် ကလည်း သူတို့ရဲ့အဝယ် စာရင်းမှာ ဒါလော့ ကို ထည့်သွင်း ထားတယ်လို့ သတင်းတွေက ဆိုပါတယ် Sport Witness သတင်းဌာနနဲ့ Gazzetta dello Sport သတင်းဌာန တို့ရဲ့ အဆို အရ ဂျူဗင်တပ်စ် နည်းပြ




အယ်လီဂရီ က ကွာဂရာဒို ရဲ့နေရာကို အစားထိုးဖို့ ရေရှည် စီမံချက် အဖြစ် ဒါလော့ ကို ရှုမြင် ထားတယ် လို့ သိရပါတယ်၊ အလားတူ Diario SPORT သတင်းဌာနရဲ့ဖော်ပြမှုတွေ အရ နယူးကာဆယ် က တန်ဟက်ဂ် ရဲ့ ပစ်မှတ် ကစားသမား




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီပေး ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်၊ ဒီပေး က အသင်းနဲ့ စာချုပ် ဖျက်သိမ်း ထွက်ခွာသွားတဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒို ရဲ့နေရာမှာ အစားထိုးဖို့




သင့်တော်သူ တစ်ဦး အဖြစ် နည်းပြ အဲရစ် တန်ဟက်ဂ် က ရှုမြင်ထားတာပါ၊ ၂၈ နှစ်အရွယ် နယ်သာလန် တိုက်စစ်မှူးဟာ လက်ရှိမှာ ဘာစီလိုနာ အတွက် ကစားပေးနေ ပေမယ့် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝန် ဒေါစကီး ရဲ့နောက် အရန် ကစားသမား အဖြစ်သာ




ရှိနေသူ ဖြစ်ပါတယ်၊ ဘာစီလိုနာ တာဝန်ရှိ သူတွေကလည်း အသင်းရဲ့ လစာငွေကြေး ပမာဏကို ထိန်းညှိ သွားနိုင်ဖို့ ဒီပေး ကို အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ထွက်ခွာခွင့် ပေးဖို့ စီစဉ်ထားပါတယ်၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် အနေနဲ့ နယူးကာဆယ် အသင်းနဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်ဖို့ အခက်အခဲ ရှိနေပါလိမ့်မယ်။

credit