၂၄ နာရီ အတွင်း အသင်းသစ်နှင့် စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးသွားမည့် ရော်နယ်ဒို

ရော်နယ်ဒို သည် ဆော်ဒီ ကလပ် အယ်လ်နက်ဆာ အသင်းနှင့် တစ်နှစ်လျှင် ပေါင် ၁၇၅ သန်း တန်ကြေးရှိတဲ့ စာချုပ်ကို လက်မှတ် ရေးထိုးရန် အနီးစပ်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စပိန် မီဒီယာ များက ယနေ့ ညနေတွင် သတင်း ဖော်ပြသည်။




ခရစ္စတီယာနို ရော်နယ်ဒို သည် အယ်လ်နက်ဆာ အသင်းနှင့် ၇ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုမည် ဖြစ်ပြီး ပထမနှစ် နှစ်ခွဲတွင် ဘောလုံး ကစားမည် ဖြစ်ကာ နောက်ပိုင်း နှစ်များတွင် အသင်း၏ သံတမန် အဖြစ် တာဝန်ယူရမည် ဖြစ်သည်။




ရော်နယ်ဒို သည် စာချုပ်သက်တမ်း ကြာမြင့်လာသည်နှင့် အမျှ လစာကြေး ငွေသည် ပို၍ တိုးလာမည် ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသည်၊ ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒို သည် မန်ချက်စတာ ယူနိုက်တက် နှင့် စာချုပ် ဖျက်သိမ်းပြီး နောက်တွင်




အသင်းသစ် ရှာဖွေနေသော်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရသည့် မည်သည့် ဥရောပ ကလပ် အသင်းကမှ ၎င်းကို စိတ်ဝင်စားခြင်း မရှိ ဖြစ်နေသည်၊ ရော်နယ်ဒို သည် အယ်လ်နက်ဆာ အသင်းနှင့် လာမည့် နာရီ အနည်းငယ် အတွင်း သဘောတူ လက်မှတ် ရေးထိုးတော့မည် ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။




အယ်လ်နက်ဆာ အသင်းသည် ၂၀၃၀ ကမ္ဘာ့ဖလား ကို အီဂျစ်၊ ဂရိ နှင့် အာရပ် နိုင်ငံများ ပူးတွဲ၍ အိမ်ရှင်လုပ်ရန် အတွက် စည်းရုံးနိုင်ရေးတွင် ခရစ္စတီယာနို ရော်နယ်ဒို ကို သံတမန် အဖြစ် အသုံးချရန် ရည်ရွယ်ထားသည်၊ အယ်လ်နက်ဆာ အသင်းသည် ရော်နယ်ဒို ကို ခေါ်ယူနိုင်ရေး အတွက်




အသင်းမှ ကစားသမား သုံးဦးကို ဖယ်ထုတ်ရန်လည်း စီစဉ်နေသည်၊ ကမ္ဘာ့ဖလား မတိုင်မီ ကတည်းက အယ်လ်နက်ဆာ အသင်းသည် ရော်နယ်ဒို ကို စိတ်ဝင်စားနေခြင်း ဖြစ်ပြီး အခြေအနေ များသည် ပြီးခဲ့သည့် တစ်ပတ်တွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်၊ အယ်လ်နက်ဆာ အသင်းသည်




ဆော်ဒီလိဂ် အမှတ်ပေး ချန်ပီယံ ဆုကို ရရှိထားပြီး ၂၀၁၉ ခုနှစ်တွင် ချန်ပီယံ ဆုကို နောက်ဆုံး တစ်ကြိမ် ရရှိထားသည်၊ ရော်နယ်ဒို သည် အယ်လ်နက်ဆာ အသင်းသို့ ပြောင်းရွှေ့ပါက ဥရောပ ၏ အဆင့်အမြင့်ဆုံး ကလပ် အသင်းများတွင် ကစားခွင့်ကို လက်လွှတ်ရမည် ဖြစ်သည်။

credit