ကာရာဘောင် ဖလား round 4 နိုင်ပွဲ ရရှိပြီးနောက် ရပ်ရှ်ဖို့ဒ် ထံက သူ့ရဲ့ အလိုရှိမှု တခုကို တောင်းဆိုလာတဲ့ တန်ဟက်ဂ်

Manchester United ဟာ အိုးလ်ထရပ်ဖို့ဒ်မှာ ဘန်လေနဲ့ ကာရာဘောင် ဖလား round 4 အဖြစ် ကစားခဲ့ရပြီး 2-0 နဲ့ နိုင်ပွဲရ ယူနိုင်ခဲ့ပါတယ်၊ ဒီပွဲမှာ အဲရစ်ဆင် နဲ့ ရပ်ရှ်ဖို့ဒ် တို့က သွင်းယူပေး ခဲ့ကြပြီး




ရပ်ရှ်ဖို့ဒ် ဟာ ဒီပွဲစဉ် မတိုင်မီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန် လက်ရွေးစင်အသင်း အတွက် သုံးဂိုးထိ သွင််းယူပေးနိုင် ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag က သူ့ကို




အမ်ဘာပေနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့ ပါသေးတယ်၊ ယခုလည်း Erik Ten Hag က ရပ်ရှ်ဖို့ဒ် ကို ချီးကျူးလိုက်ပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ် က အလုပ် ကြိုးစားခဲ့ပြီး ပြိုင်ဘက် ခံစစ်ကို အလုပ်များ စေခဲ့ပါတယ်။




သူဟာ လိမ်ခေါက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အလန်းစား ဂိုးကိုလည်း သွင်းယူ အဆုံးသတ် ပြခဲ့ပါတယ််၊ သူ ပုံစံကောင်း ရရှိနေပြီ ဒါကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူက တကယ့်ကို ကောင်းမွန်တဲ့




level ကို ရောက််ရှိနေပြီလို့ ထင်ပါတယ်၊ သူ့ရဲ့စွမ်းဆောင်ရည်က တစ်ပွဲပြီး တစ်ပွဲ တိုးတက်လာခဲ့တယ်၊ ဒီရာသီမှာ သူ ဂိုးသွင်း စွမ်းရည် အများကြီး ပြသထားပြီး ခံစစ််ပိုင်း ဆိုင်ရာ ပံ့ပိုးမှုတွေလည်း




များစွာ လုပ်ဆောင်ခဲ့တာ ထင်ရှားပါတယ်။ ကျွန်တော် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက််လို့ အရမ်းကို ပျော်ရွှင် ကျေနပ်မိပါတယ်၊ သူ့အနေနဲ့ ဒီလို စွမ်းဆောင်ရည်ကို ထိန်းသိမ်းပြီး ရှေ့ဆက်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ လို့ Erik Ten Hag က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit