လီဗာပူးကို ချေမှုန်းပြီး ကာရာဘောင် ဖလား ရယူဖို့ ကွာနာဖိုင်နယ်ကို တက်လှမ်းသွားပြီ ဖြစ်တဲ့ မန်စီးတီး

မနေ့ ညက ကစားခဲ့တဲ့ ပွဲစဥ်မှာတော့ မန်စီးတီး အသင်းဟာ လီဗာပူး အသင်းကို အကြိတ်အနယ် ကစားခဲ့ရပြီး 3-2 နဲ့ အနိုင် ရရှိခဲ့ပါတယ်၊ မန်စီးတီး ရှေ့တန်းမှာတော့ ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဟာလန်း ပါဝင် ကစားခဲ့ပြီး




လီဗာပူး မှာလည်း ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဆာလာ ပါဝင် ကစာခဲ့ပါတယ်။ နှစ်ဘက်အသင်း ကစားသမား နှစ်ဦးလုံး တစ်ဂိုးစီ သွင်းနိုင်ခဲ့ ကြပြီး ပွဲချိန် 10 မိနစ် မှာတင် ဒီဘရန်းနား ရဲ့ လှလှပပ ဖန်တီးမှုက တစ်ဆင့် ဟာလန်း က တစ်ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။




ဒီ သွင်းဂိုးဟာ နော်ဝေ တိုက်စစ်မှူး ရဲ့ လက်ရှိ ဘောလုံးရာသီ 24 ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်၊ ဒီဘရန်းနား ရဲ့ ဖြတ်တင်ဘောကို ဟာလန်း က မြေမကျဘော ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် နောက် 10 မိနစ် အကြာ ပထမပိုင်း မိနစ် 20 မှာ လီဗာပူးက ကာဗယ်လ်ဟို ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ပြီး ပထမပိုင်းမှာ လီဗာပူး တိုက်စစ်မှူး




နူနက်ဇ် အခွင့်အရေး နှစ်ကြိမ် ရပေမယ့် ဂိုးရခြင်း မရှိခဲ့ပါဘူး၊ ဒုတိယပိုင်း ပြန်စ စချင်း 47 မိနစ်မှာ ရိုဒရီ ရဲ့ ဖန်တီးမှုက တစ်ဆင့် မာရက်ဇ် က မန်စီးတီး အတွက် ဦးဆောင်ဂိုးကို သွင်းယူ ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပွဲချိန် 48 မိနစ်မှာပဲ ဒါဝင်နူနက်ဇ် ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ဆာလာ က ချေပဂိုး ပြန်သွင်းလိုက် နိုင်ပါတယ်။




အောက်စလိတ် ချိန်ဘာလိန် က ပေးပို့လိုက်တဲ့ ဘောလုံးကို နူနက်ဇ် က အရယူပြီး အနိမ့်ဘောနဲ့ ဖြတ်တင်ပေး လိုက်တာကို ဆာလာ က ပိတ်သွင်း သွားတာပဲ ဖြစ်ပါတယ်၊ မန်စီးတီးဟာ နောက်ဆုံး 5 နှစ် အတွင်းမှာ ကာရာဘောင် ဖလားကို 4 ကြိမ် ရရှိထားပါတယ်၊ လီဗာပူး ကတော့ ပြီးခဲ့တဲ့ နှစ်က ကာရာဘောင် ဖလား ချန်ပီယံပါ။




ဒီနေ့ပွဲမှာ အနိုင်ရသူဟာ ကာရာဘောင် ဖလား ဗိုလ်စွဲနိုင်ဖို့ အရမ်းကို အခွင့်အရေး များတဲ့ အလျောက် ပွဲကလည်း ပိုပြီး အကြိတ်အနယ် ရှိလာပါတယ်၊ ဘယ်ဂျီယမ် အသင်း ကွင်းလယ်လူ ဒီဘရန်းနား ဟာ ကမ္ဘာ့ဖလားမှာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့် မန်စီးတီး အတွက်တော့




ဒီ တစ်ပွဲမှာ အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့ပါတယ်၊ ဒါဝင်နူးနက်ဇ် ကတော့ အခွင့်အရေးကောင်း နှစ်ကြိမ် ရခဲ့ပြီး ဂိုး ကန်သွင်းမှု 4 ကြိမ် ပြုလုပ်နိုင်ပေမယ့် ဂိုးမရခဲ့ တာကြောင့် စိတ်ပျက်စရာ ည ဖြစ်ခဲ့ရပါတယ်၊ မန်စီးတီး က ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဆောက်သမ်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာလည်း ဖြစ်ပါတယ်။

credit