EFL ဖလား ရယူဖို့ သေချာသလောက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွာတားဖိုင်နယ် မဲခွဲ ရလဒ် ထွက်ပေါ်

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွား ချိန်မှာတော့ အင်္ဂလန် မှာ ကာရာဘောင် ရှုံးထွက် ဖလား ပွဲစဥ်တွေနဲ့ ကလပ် ပွဲစဥ်တွေ ပြန်လည် စတင်ခဲ့ပြီ ဖြစ်ပါတယ်၊ မနေ့ ညကတော့ စတုတ္ထ အဆင့် ပွဲစဉ်တွေ အကုန်




ကစားပြီးခဲ့ တာကြောင့် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အတွက် မဲခွဲရလဒ် တွေလည်း ထွက်ပေါ်လာခဲ့ပြီ။ မနေ့ ညက ပွဲစဥ်မှာတော့ မန်ချက်စတာ စီးတီး ဟာ လိဂ်ဖလား လက်ရှိ ချန်ပီယံ လီဗာပူး အသင်းကို 3-2 နဲ့




အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားပြီ ဖြစ်ပါတယ်၊ ဒီ ကွာတားဖိုင်နယ် အဆင့်မှာ လိဂ်ဝမ်း ကလပ် ချာတန် အသင်းက လွဲလို့ ပရီးမီးယားလိဂ် မှ ကလပ် အသင်းတွေချည်း တင်ကျန်နေတာပါ။




ကာရာဘောင် ဖလား ကွာတား ဖိုင်နယ် အဆင့် အတွက် မဲခွဲရလဒ် တွေထဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ အဆင့်မှာ အင်အား အနည်ဆုံး ဖြစ်တဲ့ ချာလ်တန် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပြီး




အလွယ်ကူဆုံး အခြေအနေလည်း ဖြစ်နေပါတယ်။ ဆောက်သမ်တန် အသင်းကတော့ မန်စီးတီး ကို ဧည့်ခံ ရမှာ ဖြစ်ပြီး နော့တင်ဟမ် ဖောရက်စ် က ဝုဗ်၊ နယူးကာဆယ် က လက်စတာ နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။




ကွာတားဖိုင်နယ် မဲခွဲ ရလဒ်တွေ ကတော့ Manchester United vs Charlton၊ Southampton vs Manchester City၊ Nottingham Forest vs Wolves၊ Newcastle vs Leicester




ဒီ ကွာတားဖိုင်နယ် ပွဲစဉ်တွေ ကိုတော့ 2023 ဇန်နဝါရီလ 9 ရက်နေ့ သီတင်းပတ် ထဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်တယ် လို့ သိရပါတယ်။

credit