ကြယ်တစ်ပွင့်ကို မရောင်းချဖို့ စိတ်ကူးလိုက်ပေမယ့် အနာဂတ်မှာ နေရာပေးဖို့ အစီအစဥ် နည်းကြောင်း အဲရစ် တန်ဟက်ဂ် အရိပ်အမြွက် ပြောဆို

ဒီနှစ် ဘောလုံးရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲ ကစားခွင့် အတော်လေး နည်းပါး နေခဲ့တဲ့ ညာနောက်ခံ ကစားသမား အာရွန် ဝမ်ဘစ်ဆာခါ ရဲ့ အနာဂတ် နဲ့ ပတ်သတ်ပြီး




မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ရှင်းလင်း ပြောဆိုမှုတွေ ပြုလုပ် သွားခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်က ခရစ္စတယ် ပဲလေ့စ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဝမ်ဘစ်ဆာခါ ဟာ




လက်ရှိမှာ ဒီယေဂို ဒါလော့ နောက် ဒုတိယ ဦးစားပေး ကစားသမား အဖြစ်သာ ကစားနေရပြီး တစ်နေ့က ဘန်လေ အသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလား ပွဲစဥ်မှာတော့ အသင်း အတွက် ပြန်လည် ပွဲထွက်ခွင့် ရခဲ့ပြီး အဲရစ်ဆင် ရဲ့ အဖွင့်ဂိုးကို လှလှပပ ဖန်တီးပေး နိုင်ခဲ့ပါတယ်။




ဝမ်ဘစ်ဆာခါ ဟာ ဒီပွဲစဥ် မတိုင်ခင် အတွင်း ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် လုံးဝ ပွဲထွက် ကစားရခြင်း မရှိသေးပဲ လီဗာပူးနဲ့ ပရီးမီးယားလိဂ် ပွဲမှာသာ ၄ မိနစ် ဝင် ကစားခဲ့ရတာပါ၊ ဘစ်ဆာခါ နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ




အဲရစ် တန်ဟက်ဂ် က အာရွန် ဝမ်ဘစ်ဆာခါ မှာ အနာဂတ် ရှိတယ်၊ သူက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နှစ်အနည်းငယ် ကြာအောင် ကစားခဲ့ ဖူးပေမယ့် ဒီရာသီ အစကတည်းက ဖျားနာမှုတွေ ဒဏ်ရာတွေ အများကြီး ရရှိနေခဲ့ပါတယ်၊ အသင်းက ပွဲတွေ ပြန် ကစားရချိန်မှာ သူက fit ဖြစ်နေတယ်။




ဒါကြောင့် သူ အသင်းနဲ့ လေ့ကျင့်နိုင်ခဲ့ပြီး သူရဲ့ တိုးတက်မှု တွေကိုလည်း ခင်ဗျားတို့ မြင်တွေ့ကြရမှာပါ၊ လို့ ပြောဆို သွားခဲ့ပါတယ်၊ ဝမ်ဘစ်ဆာခါ ဟာ လာမယ့် ဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ရောင်းထုတ်ခံရဖွယ် ရှိတယ်လို့




သတ်မှတ်ခံ ထားရပေမယ့် အဲရစ် တန်ဟက်ဂ် အနေနဲ့ အသင်းအတွက် ညာနောက်ခံလူ တစ်ဦး မခေါ်ယူရ သေးခင်ထိ ဝမ်ဘစ်ဆာခါ ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ရှိနေပြီး ဒါလော့ မပါဝင်နိုင်တဲ့ ပွဲစဉ် တွေမှာလည်း နေရာပေးလာ နိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကတော့




ဝမ်ဘစ်ဆာခါ ကို အသင်းမှာ နေရာပိုပေး စေချင်တယ်လို့ အသင်းထံ တိုက်တွန်း ထားပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် ကတော့ ဝမ်ဘစ်ဆာခါ ထက် ဒါလော့ကိုသာ ကစားခွင့် ပိုပေးနိုင်ဖွယ် ရှိနေပါတယ်။

credit