မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ဗိုလ်ချုပ်ကို ခေါ်ယူမည့် ပီအက်စ်ဂျီ အသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖရက်ဒ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ အသင်းဖော်တွေ ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဒီယေဂို ဒါလော့၊ လုခ်ရှော တို့နဲ့ အတူ စာချုပ်ပါ သဘောတူညီမှု အတိုင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့




တစ်နှစ် သက်တမ်း တိုးထားခဲ့ ပေမယ့်လည်း သူ့ကို လီဂူး ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်းက အံ့အားသင့်ဖွယ် စိတ်ဝင်စား နေတယ်လို့ သတင်းထွက် ပေါ်လာခဲ့ပါတယ်၊ ဖရက်ဒ် ဟာ လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့




စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် က ဖရက်ဒ် ကို ရှက်တာဒိုးနက် အသင်းကနေ ခေါ်ယူစဉ်တည်းက ၅ နှစ် + အပို ၁ နှစ်ကို ထည့်သွင်း ချုပ်ဆိုထားခဲ့တာ ဖြစ်လို့ လာမယ့် နွေမှာ ဖရက်ဒ်ကို free transfer နဲ့ လက်မလွတ်ရဖို့ အတွက်




အပို ၁ နှစ် ထပ်တိုးခွင့်ကို မန်ချက်စတာ ယူနိုက်တက် ဘက်က အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဖရက်ဒ် ကို ပီအက်စ်ဂျီက ခေါ်ဆောင်ဖို့ စိတ်ဝင်စား နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်၊ ဗြိတိန် နာမည်ကျော် သတင်းစာ The Sun ရဲ့ ဖော်ပြချက် အရ




ပီအက်စ်ဂျီ အသင်းဟာ ဖရက်ဒ် ကို ရှက်တာဒိုုးနက် အသင်းမှာ ကစားနေစဉ် ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး လက်ရှိ ပီအက်စ်ဂျီ မှာလည်း ဘရာဇီးလ် ကစားသမားတွေ ဖြစ်တဲ့ နေမာ၊ မာကွင်ဟို့စ် တို့ ရှိနေတဲ့ အတွက် နောက်ထပ် ဘရာဇီးလ် ကစားသမား ဖြစ်သူ ဖရက်ဒ် ကို




ခေါ်ယူချင် လာခဲ့တာ ဖြစ်ပါတယ်၊ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူ ဖရက်ဒ် ဟာ ၂၀၁၈ ခုနှစ်တည်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒီနှစ် ဘောလုံးရာသီ နည်းပြ တန်ဟက်ဂ် လက်အောက် မှာ ဖရက်ဒ် က ပွဲကစားခွင့်




အကန့်အသတ်နဲ့ ရရှိနေပြီး အခုလည်း Option for a further year ကို အသုံးပြုပြီး တစ်နှစ် ထပ်မံ သက်တမ်းတိုး ထားခဲ့ပေမယ့် အသင်းဘက် ကတော့ ဖရက်ဒ် ကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိ နေပါတယ်၊ ဒါကြောင့် ဒီအခြေအနေကို ပီအက်စ်ဂျီ ဘက်က




အသုံးချသွားမလား ဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်သလို ပီအက်စ်ဂျီ က ဖရက်ဒ် သာမကပဲ နောက်ထပ် ကြယ်ပွင့်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ကိုပါ ခေါ်ယူသွားဖို့ အတွက် ဆန္ဒ ရှိနေတာ ကြောင့် လာမယ့် ဈေးကွက် အတွင်းမှာပဲ ဒီ ကစားသမား ၂ ဦး အတွက် ကမ်းလှမ်းမှုတွေ ရှိလာနိုင် မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

credit