မန်ယူတွင် ခြေစွမ်းပြနေသည့် ဘရာဇီးလ်သားကို ခေါ်ယူမည်ဟု ဗြိတိန် မီဒီယာများမှ ဖော်ပြလာပြီးနောက် Erik Ten Hag သည် ကြိုက်ဈေးနှင့် ရောင်ချမည်ဟု ဆို

ပီအက်စ်ဂျီ အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရာဇီးလ် လက်ရွေးစင် ဖရက်ဒ် ကို အံ့အားသင့်ဖွယ် ခေါ်ယူလို နေကြောင်း ဗြိတိန် မီဒီယာများက သတင်းဖော်ပြသည်၊ ဖရက်ဒ် သည် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ၂၀၂၄ အထိ




စာချုပ် သက်တမ်း ရှိသော်လည်း ပီအက်စ်ဂျီ အသင်းက လာမည့် နွေရာသီတွင် ၎င်းကို အရ ခေါ်ယူသွားရန် အတွက် စိတ်ဝင်စားနေသည်၊ ဖရက်ဒ် ၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၃၀ ခန့် အထိ ရှိနိုင်သည်၊ မန်ချက်စတာ ယူနိုက်တက် သည် ရက်ရှ်ဖို့ဒ် ဒါးလော့ နှင့်




လုခ်ရှော တို့ကို စာချုပ်ပါ အလို အလျောက် တစ်နှစ် သက်တမ်း တိုးခွင့် သဘောတူညီချက် များကို အသုံးပြု၍ ပြီးခဲ့သည့် ရက်ပိုင်းကပင် သက်တမ်းတိုးကာ ၎င်းတို့ကို အိုးထရက်ဖို့ဒ် တွင် ဆက်ရှိ နေ‌စေရေး သေချာစေရန် ပြုလုပ်ခဲ့သည်။




မန်ချက်စတာ ယူနိုက်တက် က ဖရက်ဒ် ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်နှစ် အလို အလျောက် သက်တမ်း တိုးခွင့်ကို အသုံးပြု၍ စာချုပ် သက်တမ်း တိုးခဲ့သည်၊ သို့ရာတွင် အဲရစ် တန်ဟက်ဂ် သည် သင့်လျော်သည့် ပြောင်းရွှေ့ကြေး ရရှိပါက ဖရက်ဒ် ကို




အသင်းပြောင်းခွင့် ပေးမည်ဟု England သတင်းဌာန များက ဆိုသည်၊ ပီအက်စ်ဂျီ မန်နေဂျာ ဂေါ်လ်တီယာ သည် အသင်း၏ ကွင်းလယ်ကို တောင့်တင်းရန် ဖရက်ဒ် အနေနဲ့ အားဖြည့်ပေး နိုင်မည့်သူဟု ယူဆနေသည်၊ အဲရစ် တန်ဟက်ဂ် သည်လည်း ကစားသမားသစ်




ခေါ်ယူရေးတွင် ငွေကြေး မတည်နိုင်ရန် အတွက် ဖရက်ဒ် ကို ရောင်းထုတ်လိုသည် ၂၀၁၈ တွင် ရှက်တာဒွန်းနက် အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းဖြင့် ပြောင်းရွှေ့လာသော ဖရက်ဒ် ကို မန်ချက်စတာ ယူနိုက်တက် တွင် နှစ်သက်သူ များရော မနှစ်သက်သူ များပါ သဘောထား ကွဲလွဲနေသည်။




၂၉ နှစ် အရွယ် ဖရက်ဒ် သည် မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်းရွှေ့လာ ပြီးနောက်တွင် အသင်းမှ ပွဲပေါင်း ၁၅၂ ပွဲ ကစားသည့် အနက် ၈၇ ပွဲ ပါဝင် ကစားခဲ့သည်၊ ကတ်စမဲရိုး ကို ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူပြီးနောက် ဘရာဇီးလ် လက်ရွေးစင် အသင်းမှ ကဲ့သို့




ဖရက်ဒ် နှင့် ကတ်မဲရိုး တို့ကို ကွင်းလယ်တွင် တွဲသုံးမည်ဟု မျှော်လင့်ခဲ့ ကြသော်လည်း အဲရစ် တန်ဟက်ဂ် က ကတ်စမဲရိုး ကို ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် နှင့် ပို၍ တွဲ ကစားစေခဲ့ပြီး ဖရက်ဒ် သည် ယခုနှစ် ဘောလုံး ရာသီတွင် ၄ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရရှိခဲ့သည်။




ဖရက်ဒ် ကလည်း ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ရေးကို စိတ်ဝင်စားဖွယ် ရှိသည်၊ အဲရစ် တန်ဟက်ဂ် ကလည်း အသင်း၏ ကွင်းလယ်ကို အားဖြည့်ရန် အတွက် အန်ဇို ဖာနန်ဒက်စ် ဒက်ကလန်ရိုက်စ် နှင့် ဘယ်လင်ဂမ် တို့ကို ပစ်မှတ်ထားနေ ကြောင်းသိရှိ ရသည်။

credit