ဂန္တဝင် နည်းပြကြီး ဖာဂူဆန်နဲ့ ဘာကြောင့် ဆက်ဆံရေး မပြေမလည် ဖြစ်ရသလဲ ဆိုတာ ပြောပြလာတဲ့ ဝိန်း ရွန်းနီ

ဆာအဲလက်စ် ဖာဂူဆန် နဲ့ ဝိန်း ရွန်းနီ တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အတူတူ ရှိနေခဲ့တဲ့ ကာလ တလျှောက်လုံး ဆက်ဆံရေး ကောင်းလိုက် မကောင်းလိုက် ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်၊ နောက်ဆုံးမှာတော့ အင်္ဂလန် တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို




ဆာအဲလက်စ် ဖာဂူဆန် နည်းပြခဲ့တဲ့ ကာလ အတွင်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးး ဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း စကော့ လူမျိုး နည်းပြကြီးနဲ့ ပြဿနာ ဖြစ်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ထိပ်တန်း ဂိုးသွင်းရှင်ဟာ




ကစားသမားဘဝ အစောပိုင်း တုန်းက မရှိနေသင့် ခဲ့တဲ့ နေရာမှာ ရှိနေခဲ့တာကို နည်းပြကြီး ဖာဂူဆန် မိသွားခဲ့ပြီး စိတ်ကသိကအောင့် ဖြစ်စရာ အချိန်တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟာ အဲဗာတန် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် ကို




ပြောင်းရွှေ့လာခဲ့ပြီးနောက် လီဗာပူး မြို့နားက ဘီယာဆိုင် တစ်ဆိုင်မှာ မိဘတွေနဲ့ သွားတွေ့ခဲ့တာ ဖြစ်ပြီး အဲဒီ အဖြစ်အပျက်ကို ၎င်းရဲ့ စာအုပ်သစ် ဖြစ်တဲ့ Wayne Rooney My Decade in the Premier League ထဲမှာ ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ နည်းပြက တကယ်ကို




တော်တဲ့လူ တစ်ယောက်ပုံ ပေါ်ပေမယ့် နောက်တစ်နေ့မှာ သူ့ရဲ့ ဂန္တဝင်ဆန်တဲ့ လွှမ်းမိုးမှုနဲ့ ပထမဆုံး နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ခဲ့ရတယ်။ သာယာတဲ့ ညနေခင်း ဖြစ်တာကြောင့် ကျွန်တော် မိသားစုနဲ့ တွေ့ဖို့ ခရော်ကီကို ကားမောင်းထွက်ခဲ့တယ်၊ လမ်းပေါ်မှာပဲ ဘီယာဆိုင်က ကားပါကင်မှာ




အမေနဲ့ အဖေကို တွေ့ခဲ့ပြီး ကျွန်တော် နှုတ်ဆက်ဖို့ ကားကို ရပ်ခဲ့တယ်၊ ကျွန်တော်တို့ နည်းနည်းပါးပါး သောက်ကြဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော့်အတွက် ကတော့ အဆီမတက်အောင် လုပ်ထားတဲ့ အချိုရည်ပေါ့၊ ကျွန်တော် အဲဒီမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် ထိုင်ပြီး အိမ်ကို ပြန်ခဲ့ပါတယ်။




ဒါပေမယ့် နောက်တစ်နေ့ အကြာမှာ နည်းပြက ကျွန်တော့်ကို သူ့ရုံးခန်းထဲ လာခဲ့ဖို့ ခေါ်ပါတယ်၊ ကျွန်တော့်ရဲ့ ပထမဆုံး ရုံးခန်းထဲ အခေါ် ခံရမှုပေါ့၊ ဖာဂူဆန်က ဝိန်း မနေ့က မင်း ခရော့စ်တက် က ဘီယာဆိုင်မှာ ဘာတွေလုပ် နေခဲ့တာလဲ ဆိုပြီး မေးခဲ့ပါတယ်။ လို့ ရေးသားထားတာပဲ ဖြစ်ပါတယ်။




ဆာအဲလက်စ် ဖာဂူဆန် ဟာ ကစားသမားတွေကို ထိန်းကျောင်းရာမှာ အလွန်အမင်း စည်းကမ်း တင်းကြပ်သူ အဖြစ် လူသိများ ကျော်ကြားခဲ့ပြီး နည်းပြ ဘဝကနေ အနားယူခဲ့တာ ၁၀ စုနှစ် တစ်ခု နီးပါးရှိနေပြီ ဖြစ်ပေမယ့် တသက်တာအကောင်းဆုံး နည်းပြတွေထဲက တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

credit