ဘရာဇီးလ် လက်ရွေးစင် နည်းပြ နေရာအတွက် ရွေးချယ်ထားပြီး ဖြစ်ကြောင်း La Repubbilca သတင်းဌာနမှ အတည်ပြု

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် က နိုင်ငံအသင်း နည်းပြ ရာထူး အတွက် မော်ရင်ဟို ကို မကြာခင်မှာ ကမ်းလှမ်းမယ်လို့ ရောမမြို့အခြေစိုက် La Repubbilca သတင်းဌာနက အတည်ပြု ဖော်ပြသွား ခဲ့ပါတယ်၊ အထက်ပါ သတင်းဌာနရဲ့အဆို အရ




လတ်တလော မှာတော့ မော်ရင်ဟို က မိသားစုနဲ့ အတူ ခရစ္စမတ် ကာလကို ဖြတ်သန်းဖို့ ပေါ်တူဂီ နိုင်ငံမှာ ရှိနေပြီး နောက်လာမယ့် နာရီပိုင်း အတွင်းမှာ ကြယ်ပွင့် ကစားသမားတွေနဲ့ ပြည့်နှက် နေတဲ့ အသင်းကို စီမံကွပ်ကဲ နိုင်ဖို့ အတွေ့အကြုံရင့်




နည်းပြ တစ်ဦးကို ရှာဖွေမယ့် ဘရာဇီးလ် ဘောလုံး အသင်းရဲ့ ကိုယ်စားလှယ် တစ်ဦး ဆော်ပေါ်လို မြို့မှ ထွက်ခွာလာမယ်လို့ သိရပါတယ်၊ ဒီမတိုင်ခင် ကာလတွေ တုန်းကလည်း ဘရာဇီးလ် အသင်းနည်းပြ အဖြစ် တာဝန်ယူပေးဖို့ ပက်ဂွါဒီယိုလာ က




ငြင်းဆန်ခဲ့ သလို အန်ဆယ်လော့တီ ကလည်း ရီးရဲလ်မက်ဒရစ် မှာပဲ ဆက်ရှိနေဖို့ လိုလား နေတာကြောင့် နိုင်ငံအသင်း နည်းပြ အဖြစ် တာဝန်ယူပေးဖို့ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ ဖူးပါတယ်၊ အခုလို နည်းပြသစ် ခန့်အပ်နိုင်ရေး ကိစ္စ အတွက်




ဆွေးနွေးမှုတွေကို ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရိုဒရီဂွီစ် ကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေကို ခေါ်ယူနိုင်မယ့် အလားအလာ အပေါ် စူးစမ်းလေ့လာဖို့ ဆက်ဆံရေး တည်ဆောက်ဖို့ နိုင်ငံတကာ အတွေ့အကြုံရင့်




အေးဂျင့် တစ်ဦးဆီ လုပ်ပိုင်ခွင့် ပေးထားတယ်လို့ သိရပါတယ်၊ ဒီအေးဂျင့်က မော်ရင်ဟို ကို ကိုယ်စားပြုထားတဲ့ ဂျော့မန်ဒက်စ် နဲ့ အချက်အလက်တွေ အားလုံးနီးပါး တူညီနေတယ်လို့ သိရပြီး ဘရာဇီးလ် ဘောလုံးလောက တာဝန်ရှိသူတွေ အနေနဲ့




ယခု လကုန်ပိုင်းမှာ တုံ့ပြန်မှု တစ်ခု လိုချင်နေပြီး ပေါ်တူဂီ ဘက်ကလည်း နှစ်ဖက်စုံညီ အစည်းအဝေး တစ်ခု ကျင်းပဖို့ လိုလားနေတယ်လို့ သိရပါတယ်၊ ရိုးမားအသင်းရဲ့ရည်မှန်းချက် တိုးတက်မှုနဲ့ ကစားသမားတွေ ရဲ့ စိတ်နေစိတ်ထား




ခံယူချက်တွေကြောင့် မော်ရင်ဟို က ရောမမြေမှာ ရာနှုန်းပြည့် ပျော်ရွှင်မှု မရှိဘူးလို့ La Repubbilca ရဲ့ သတင်းမှာ ဆက်လက် ဖော်ပြခဲ့ပြီး မော်ရင်ဟို နဲ့ ရိုးမား အသင်းတို့ အကြား စာချုပ် သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

credit