အသင်းနဲ့ မပူးပေါင်းကြသေးတဲ့ ကြယ်ပွင့် ကစားသမား နှစ်ဦးနဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုလာတဲ့ Ten Hag

Manchester United နည်းပြ အဲရစ် တန်ဟက်ဂ် က ပရိသတ်တွေ သိချင်နေတဲ့ မာတီနက်ဇ် နဲ့ ဗာရန်း အသင်းနဲ့ ဘယ်တော့ ပူးပေါင်းမှာလဲ ဆိုတာ ထုတ်ပြောသွား ခဲ့ပါတယ်၊ Manchester United ကြယ်ပွင့် ကစားသမား နှစ်ဦးဟာ အာဂျင်တီးနား နဲ့




ပြင်သစ် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖိုင်နယ်မှာ နိုင်ငံ အသင်းအတွက် ကိုယ်စီ ပါဝင်ပေးခွင့် ရရှိခဲ့ကြပါတယ်၊ ဒါ့ကြောင့် သူတို့ နှစ်ဦးဟာ အားလပ်ရက် ရရှိ‌ နေပြီး ဟယ်ရီ မက်ဂွိုင်းယား ကလည်း ဖျားနာနေတဲ့ အတွက်် ဘန်လေနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင် round 4 မှာ Erik Ten Hag ဟာ ခံစစ်မှူး နေရာမှာ




လင်ဒီလော့ဖ် နဲ့ ကတ်စမဲရိုး ကို ထူးထူးခြားခြား ထုတ်သုံးခဲ့ရတာ ဖြစ်ပါတယ်၊ ဒီခံစစ် အတွဲဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ အသုံးတည့်မလား ဆိုတာ မသေချာ မရေရာ ဖြစ်တာကြောင့် Manchester United ပရိသတ်တွေဟာ အဓိက ခံစစ်မှူး နှစ်ဦး အနေနဲ့ ဘယ်တော့ ပြန်လည် ပါဝင်လာ ကြမလဲ ဆိုတာကို




သိရှိဖို့ စိတ်အားထက်သန် နေတာ ဖြစ်ပါတယ်၊ လက်ရှိ အချိန်မှာ သတင်းတွေက ကမ္ဘာ့ဖလား ဖိုင်နယ် ကစားခဲ့တဲ့ ကစားသမားတွေဟာ နောက် နှစ်ပတ််လောက် အထိ အားလပ်ရက် ပိုင်ဆိုင်လိမ့်မယ်လို့ ဖော်ပြခဲ့ကြပြီး လာမယ့် ပွဲစဥ်တွေကို အားနည်းတဲ့ ခံစစ်နဲ့ ဖြတ်သန်းရဖို့ ရှိနေပြီလို့ ထင််ကြေးပေး ခံခဲ့ရပါတယ်။




ယခုတော့ Manchester United နည်းပြ အဲရစ် တန်ဟက်ဂ် က နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲစဥ်မှာ ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ မာတီနက်ဇ် နဲ့ ဗာရန်း ပြန်လည် ပါနိုင်ဖို့ ဆုံးဖြတ်ချက် ချရေး စောသေးကြောင်း ထုတ်ပြောလိုက်ပါတယ်၊ ဒီမေးခွန်းကို ခု မဖြေနိုင်သေးပါဘူး၊ မာတီနက်ဇ် က ခုချိန်ထိ အာဂျင်တီးနား မှာပဲ




အောင်ပွဲခံ နေသေးဆဲပါ၊ သူ ဗျူနိုအေးရိစ် မှာပါ၊ အဲ့ဒီမြို့မှာ အသင်းဖော်တွေနဲ့ လှည့်ပတ် အောင်ပွဲခံနေဆဲပါ၊ ကျွန်တော့်ဘက်က နားလည် ပေးနိုင်ပါတယ်၊ ကမ္ဘာ့ဖလားကို အိမ်ထိ သယ်ဆောင်သွားရတဲ့ ခံစားချက််က ခမ်းနားလွန်းတယ်၊ ကစားသမား တစ်ယောက် အတွက် ဘဝမှာ ရရှိနိုင်တဲ့ အကြီးမားဆုံး အောင်မြင််မှုပါ။




ဒါပေမဲ့ 27 ရက်နေ့မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြန််လည် စတင်တော့ မယ်ဆိုတာ ကိုလည်း သိနေဖို့ လိုအပ််တယ်လို့ ထင်မိပါတယ်၊ ဗာရန်း ကတော့ ဖလား မရလို့ စိတ်ပျက်နေမှာ အသေအချာပါပဲ၊ ဒါပေမဲ့ နောက်တစ််ကြိမ် ဖိုင်နယ် တက်ရလို့ သေချာပေါက် ဂုဏ်ယူနေမှာပါ၊ သူ့ ကစားသမား ဘဝက ထူးကဲလွန်းပါတယ်။




သူက team player တစ်ဦး ဖြစ်သလို ဆုဖလားတွေလည်း ရယူထားနိုင်သူပါ၊ ဒုတိယဆု ရတာကလည်း ဂုဏ်ယူစရာ ပါပဲ၊ ဒါလည်း ကြီးမားတဲ့ အောင်မြင်မှုပါ။ လို့ ကြယ်ပွင့် ကစားသမား နှစ်ဦးနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

credit