မန်ချက်စတာ ယူနိုက်တက် က ထွက်ခွာဖို့ အလားအလာ များလာတဲ့ ဒီဂီယာ

အက်သလက်တီကို မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ကို တစ်ကျော့ပြန် ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရပါတယ်၊ ဝါရင့် ဂိုးသမားဟာ သူ့ရဲ့ကစားသမား ဘဝကို မက်ဒရစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး




အက်သလက်တီကို အသင်း အတွက် ၈‌၄ ပွဲ ကစားပေးခဲ့ ပြီးနောက် ၂၀၁၁ မှာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်၊ ၃၂ နှစ်အရွယ် ကစားသမားဟာ သရဲနီတွေ အတွက် ဒီရာသီ ကစားခဲ့တဲ့ ပွဲ ၂၀ အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၇ ပွဲထိ




ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား နေရာကို အပိုင်စား ရယူထား ခဲ့ပါတယ်၊ ဒါပေမယ့် လက်ရှိ စာချုပ်က လာမယ့် နှစ်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ အနာဂတ် မရေရာမှု တွေနဲ့ ရင်ဆိုင်နေ ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့




စာချုပ်ပါ အချက် အရတော့ ဒီဂီယာ ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ထည့်သွင်း ချုပ်ဆိုထားတာကြောင့် ၂၀၂၃/၂၄ ရာသီ အထိ အိုးလ်ထရက်ဖို့ဒ် မှာ ဆက်ထိန်းထားဖို့ အခွင့်အရေးလည်း ရှိနေပါတယ်၊ ဒါပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် က နံပတ်တစ် ဂိုးသမားသစ် တစ်ဦးကို ရှာဖွေဖို့




စိတ်ကူးရှိ နေတာကြောင့် ဒီဂီယာ အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကလပ်ဘက်က မချရသေးပါဘူး၊ ဒါကြောင့် အသင်းဟောင်း အသလက်တီကို က ဒီ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိ နေပြီး အခွင့်အရေး ရရင် ဒီဂီယာ ကို အလွတ်နဲ့ ပြန်လည် ခေါ်ဖို့ ဆန္ဒရှိနေပါတယ်။




သတင်းတွေ အရ အသလက်တီကို အသင်းဟာ လက်ရှိ အသင်းရဲ့ ပထမ ဂိုးသမား ဂျန်အော့ဘလက် ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ဖွယ် ရှိပြီး လစ်လပ်သွားမယ့် ဂိုးသမား နေရာကို ဒီဂီယာ နဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။




အော့ဘလက် ကိုတော့ ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ် တို့က ချိတ်ဆက်နေပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ကတော့ ယခုလို ပြောကြားသွား ခဲ့ပါတယ်။




အကြိမ်ကြိမ် ပြောခဲ့သလိုပဲ ဒီဂီယာ ရဲ့ အရည်အသွေး ကို နှစ်သက်ပါတယ်၊ သူက အသက် ၃၁ ပဲ ရှိသေးသလို လက်စွမ်းကလည်း တိုးတက် နေတုန်းပါ၊ အနာဂတ်မှာလည်း ဆက်ကောင်း နေဦးမှာပါ၊ လူတိုင်း ကိုယ့်အယူအဆနဲ့ ကိုယ် ရှိကြသလိုပဲ ကျွန်တော် အမြင်ကလည်း ဂိုးသမား တစ်ယောက် ဆိုတာ




ဂိုးပေါက်ကို မလွတ်တမ်း ကာကွယ်ပြီး သေချာပေါက် ဂိုး မပေးရအောင် စွမ်းဆောင် နိုင်ရပါမယ်၊ ဒီလိုမျိုး အရည်အသွေးက သူ့မှာ ရှိပါတယ်၊ ဂိုးသမား ဆိုတာ လက်နဲ့တင် မကပဲ ခြေနဲ့ပါ ကာကွယ်နိုင် ဖို့လိုတယ်၊ သူဘယ်လို ကာကွယ်ခဲ့လဲ ဆိုတာတော့ သူကစားတဲ့ ပွဲတွေကို ကြည့်ရင် သိပါလိမ့်မယ်။လို့ ပြောခဲ့ဖူးပါတယ်။

credit