ကစားသမား လေးဦးကို စာချုပ်သက်တမ်း တိုးမြှင့်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ထုတ်ပြောလာတဲ့ တန်ဟက်ဂ်

Manchester United မန်နေဂျာ Erik Ten Hag က စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ကစားသမား လေးဦးဟာ အနာဂတ်မှာ အရေးပါတဲ့ နေရာမှ ပါဝင်မှာ ဖြစ်ကြောင််း ပြောကြားလိုက်ပါတယ်။




ပြီးခဲ့တဲ့ စနေနေ့ ညနေခင်းက စာချုပ် သက်တမ်း ကုန်ဆုံးဖို့ နီးနေပြီ ဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ဒါးလော့၊ ဖရက်ဒ် တို့ကို တစ်နှစ် သက်တမ်းတိုး လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။




သူတို့ လေးဦးဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ကုန််ဆုံးမယ့် ကစားသမားတွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် လက်လွတ်မခံလိုတာ ကြောင့် တစ်နှစ်စီ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် မတိုင်မီ အဲရစ် တန်ဟက်ဂ် က ကာလတို စာချုပ်သာ ချုပ်ဆိုခဲ့တဲ့ ကစားသမား လေးဦးရဲ့ အနာဂတ်် အကြောင်း အမေးခံရချိန်




ဟုတ်ကဲ့ ဒီအကြောင်း ကျွန်တော် အတည်ပြုပေးလို့ ရပါတယ်၊ အသင်းက မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုပေါ်ကို လျှောက်လှမ်းနေတဲ့ အတွက် အားလုံး ပျော်ရွှင်နေပါတယ်၊ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက််ရှိစေရေးမှာ ဒီ ကစားသမားတွေက အရေးပါခဲ့ကြတယ်။




ပြီးတော့ ကျွန်တော်တို့ တိုးတက်ရေး လမ်းကြောင်းမှာ သူတို့တွေကို ဆက်လက် ထိန်းသိမ်းလိုတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ အခုလို ဆုံးဖြတ်ချက် ချခဲ့ရတာပါ၊ ဒါဟာ မှန်ကန် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ််တယ်လို့ ကျွန်တော် သေချာပေါက် ပြောလိုပါတယ်။




အနာဂတ်အတွက် ရေရှည် အတွက် အသင်း တစ်သင်းကို တည်ဆောက်လို ကြတာ ဒီနေရာမှာ ဒီ ကစားသမား တွေဟာ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်နေ ရပါလိမ့်မယ်။ လို့ ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။

credit