ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ကြယ်ပွင့် တိုက်စစ်မှူးကို ရောင်းချဖို့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဆွေးနွေးနေတဲ့ အက်သလက်တီကို

အက်သလက်တီ မက်ဒရစ် အသင်းဟာ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ကူညာ ကို ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗ်ထံ ရောင်းထုတ် ခဲ့ပြီးနောက် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ဂျာအို ဖီးလစ် ကိုလည်း




မန်ချက်စတာ ယူနိုက်တက် အသင်းထံ အငှားချဖို့ရန် ကြိုးစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ် တွေရဲ့ ဖော်ပြချက် အရ သိရပါတယ်၊ အက်သလက်တီကို မက်ဒရစ် ဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့




ရင်ဆိုင် နေရတာကြောင့် လာမယ့် ဇန်နဝါရီ ဈေးကွက် အတွင်းမှာ ရှိရင်းစွဲ ကစားသမားတွေ အနက် အနည်းဆုံး သုံးဦးကို အသင်းကနေ စွန့်လွှတ်ရဖို့ ရှိနေပြီး ကူညာ နဲ့ ဂျာအို ဖီးလစ် ဟာ အသင်းက ထွက်ခွာခွင့် ရထားတဲ့ ကစားသမား တွေလည်း ဖြစ်ပါတယ်။




၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ် ဟာ ဘင်ဖီကာ အသင်းကနေ အက်သလက်တီကို မက်ဒရစ် ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ် မှာ မျှော်မှန်း ထားသလောက်




အောင်မြင်မှု မရခဲ့သလို အက်သလက်တီကို မက်ဒရစ် နည်းပြ ဖြစ်သူ ဆီမြွန်နီ နဲ့ သူ့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေ မှုတွေလည်း ရှိနေတာကြောင့် အက်သလက်တီကို မက်ဒရစ် က ဂျာအို ဖီးလစ် ကို အသင်းက ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်ပြီး




ယခုတော့ အက်သလက်တီကို မက်ဒရစ် ဟာ ဂျာအို ဖီးလစ် ကို ရာသီဝက် အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ရောင်းချ ချင်နေကြောင်း သတင်းထောက် ဒန်ကန် ကတ်စတယ် က အတည်ပြု ပြောဆိုပါတယ်။




ဒန်ကန် ကတ်စတယ် ရဲ့ ဖော်ပြချက် အရ အက်သလက်တီကို မက်ဒရစ် ဟာ ဂျာအို ဖီးလစ်ကို ဘဏ္ဍာရေးပိုင်း တောင့်တင်းသလို တိုက်စစ်မှူး လိုအပ်ချက်လည်း ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အငှားချဖို့ ဆုံးဖြတ်ထားပြီး




မန်ချက်စတာ ယူနိုက်တက် ကလည်း ဂျာအို ဖီးလစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဂျာအို ဖီးလစ် ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး

မန်ချက်စတာ ယူနိုက်တက် ရဲ့ နံပါတ်တစ် ပစ်မှတ်က‌ တော့ ပီအက်စ်ဗွီ အသင်း တိုက်စစ်မှူး ကိုဒီ ဂတ်ပို ဖြစ်နေတာကြောင့် ဘယ်သူ့ကို ခေါ်ယူသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

credit