ရော်နယ်ဒို မရှိတဲ့ မန်ချက်စတာ ယူနိုက်တက် က အောင်ပွဲအတွက် လွယ်ကူမှာ မဟုတ်ကြောင်း ဆိုလိုက်ပြီး အသင်းဟောင်းထံ စိန်ခေါ်မှု တခု ပေးဆောင်လိုက်တဲ့ အီဗရာ

အီဗရာ က ဒီတစ်ပါတ် နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားမယ့် ပွဲစဥ် မတိုင်မီ အသင််းဟောင်း အနေနဲ့ ရော်နယ်ဒို ကို မလိုအပ်ဘူး ဆိုတာကို သက်သေပြဖို့ လိုအပ်ကြောင်း စိန်ခေါ်မှု ပြုလုပ်လိုက်ပါတယ်။




Man United ဟာ ကမ္ဘာ့ဖလား အပြီးမှာ ဘန်လေ နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ကာရာဘောင် ဖလား ပွဲစဥ်မှာ 2-0 ရလဒ်နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ဒါဟာ ရော်နယ်ဒို ထွက်ခွာပြီးနောက် ကစားတဲ့ ပထမဆုံး ပွဲစဥ်လည်း ဖြစ်ပါတယ်။




ယခုတော့ ဒီတစ်ပါတ်မှာ ပရီးမီးယားလိဂ် ပွဲစဥ် အဖြစ် နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အသင်းသားဟောင်း လင်ဂတ် နဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်လည်း ဖြစ်ပါတယ်၊ အီဗရာက လင်ဂတ် ဟာ အသင််းဟောင်းကို နာကျင်အောင်လုပ်ဖို့ ကြိုးစားလိမ့်မယ်လို့ သတိပေးလိုက်ပြီး ၎င်းက




ပွဲကြီး တစ်ပွဲ ဖြစ်မှာပါ၊ လင်ဂတ် က အိုးလ်ထရပ်ဖို့ဒ်ကို ပြန်လာမှာလေ၊ သူက မန်ချက်စတာ ယူနိုက်တက် ကို ချစ်ရင်တောင် အသင်းဟောင်းကို နာကျင်အောင် လုပ်ဆောင်ဖို့ ကြိုးစားမှာ အသေအချာပါ၊ မန်ချက်စတာ ယူနိုက်တက် ကတော့ မာတီနက်ဇ်၊ ဗာရန်း တို့ ပါဝင်ဖို့ မသေချာပါဘူး။




သူတို့ အဆင်သင့် ဖြစ်ဦးမှာ မဟုတ်ဘူးလေ၊ ခံစစ်ပိုင််းမှာ သူတို့ နှစ်ဦးကို လွမ်းဆွတ် နေရလိမ့်မယ်၊ ဒီလို ပွဲစဥ်မျိုးက ကြိုတင် ခန့်မှန်းဖို့ ခက်ခဲပါတယ်၊ အန်သိုနီ မာရှယ် ပြန်လာပါပြီ၊ သူ မိနစ် အနည်းငယ် ကစားခွင့် ရရှိမှာပါ၊ ပြီးရင် ရော်နယ်ဒို မရှိတော့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဥ်ပါ။




ဒါ့ကြောင့် Erik Ten Hag လည်း ဖိအားတွေ အနည်းနဲ့ အများ ကျဆင်းနေမှာပါ၊ လူတွေက ဒီအကြောင််း သူ့ကို မေးတဲ့အခါ သူပြန်ဖြေတဲ့ ပုံစံကို သဘောကျမိိပါတယ်၊ သူ အနာဂတ် အကြောင်းပဲ တွေးတယ်လို့ အမြဲ ပြန်ဖြေတယ်လေ၊ ကျွန်တော်တို့ ခုချိန်ကစပြီး ရော်နယ်ဒို အကြောင်းပြောဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။




သူ မန်ချက်စတာ ယူနိုက်တက် ကစားသမား မဟုတ်တော့ဘူးလေ၊ မန်နေဂျာဟာ ဖိအားတွေ နည်းပါးနေမှာပါ၊ အခု သူတို့ ဘယ်လောက်ထိ ကောင်းကြသလဲ ဆိုတာ ကစားသမားတွေ သက်သေပြဖို့ အချိန်ကျပါပြီ။

သူတို့က အိုကေပါ ငါတို့ GOAT ကို မလိုဘူးလို့ ပြောကောင်း ပြောကြလိမ့်မယ်၊ အခု သူတို့ သက််သေပြဖို့ အချိန်ကျပါပြီ၊ လွယ်မှာ မဟုတ်ပါဘူး၊ ရော်နယ်ဒို အသင်းမှာ ရှိရင် ပြိုင်ဘက်တွေ အလိုလို နေရင်း ကြောက်ရွံ့‌ နေတာပါလို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit