ကာရာဘောင် ဖလား မလို့ ပေါ့ပျက်ပျက် မနေဖို့ ဝါနိမ်ပေးလိုက်ပြီး အသင်းသားတိုင်း မဖြစ်မနေ လုပ်ရမယ့် အလုပ်ကို ထုတ်ပြောလိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အနေနဲ့ ဆုဖလားများနှင့် ထိုက်တန်ကြောင်း သက်သေပြရန် လိုအပ်ကြောင်း ဒိန်းမတ် ကွင်းလယ် ကစားသမား အဲရစ်ဆင် က ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗုဒ္ဓဟူးနေ့က ဘန်လေကို 2-0 နဲ့ အနိုင် ရရှိပြီး ကာရာဘောင် ဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ချာလ်တန် အက်သလက်တစ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။




Erik Ten Hag ရဲ့ အသင်းဟာ ယူရိုပါလိဂ်မှာ ဘာစီလိုနာ အသင်းနဲ့ ရှုံးထွက် ပွဲစဉ် အဖြစ် ကစားသွားရန် ရှိနေပြီး 2016/ 17 ခုနှစ် နောက်ပိုင်း ဆုဖလား မရရှိသေး တာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပြိုင်ပွဲများမှာ ပွဲစဉ်ဇယား ရေးဆွဲမှုများမှာ




ဦးစားပေး မခံရခြင်း ရှိလာနိုင်ကြောင်း အဲရစ်ဆင် က ထုတ်ဖော် ပြောဆိုပါတယ်၊ နောက်ဆုံး တစ်ကြိမ် ဖလား ရရှိခဲ့တာ ကလည်း နှစ် အတော်ကြာ နေပါပြီ၊ ပါဝင်တဲ့ ပြိုင်ပွဲတိုင်းကို အာရုံစိုက်ပြီး ဘယ်အဆင့် အထိ ရောက်လာနိုင် မလဲလို့ ကြိုးစားရမယ်။




ဘယ် ဖလားကို လိုချင်တယ် ရယ်လို့ မဟုတ်ပါဘူး၊ အသင်းသားတွေ အနေနဲ့က ပါဝင် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲ အားလုံးကို အာရုံစိုက်မှ ရပါမယ်၊ ကာရာဘောင် ဖလား ကလည်း အရေးကြီးတာပဲ၊ သေချာတာ တစ်ခုက ဒီ အဆင့်ကို ရောက်လာဖို့ ထိုက်တန်ကြောင်း ခြေစွမ်းနဲ့ သက်သေပြ နိုင်ရပါမယ်။ လို့




အဲရစ်ဆင် က ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ်ဆင်၊ ရက်ရှ်ဖို့ဒ် တို့ သွင်းဂိုးနဲ့ ဘန်လေ ကို အနိင် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဖောရက်စ်၊ ဝုဖ် နဲ့ ဘုမ်းမောက် အသင်းတို့နဲ့ တစ်ပတ်အတွင်း ကစားရန်လည်း ရှိနေပါတယ်။

credit