ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ရရှိပြီးနောက် ထူးဆန်းစွာ အောင်ပွဲ ခံခဲ့မှုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုကို လက်ခံရတော့မယ့် အီမီလီယာနို မာတီနက်ဇ်

အက်စတွန် ဗီလာ နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ဟာ ကမ္ဘာ့ဖလား ချန်ပီယံ အီမီလီယာနို မာတီနက်ဇ် ကို ရောင်းထုတ် ချင်နေတယ်လို့ သိရပါတယ်၊ မာတီနက်ဇ် ဟာ ပြင်သစ် အသင်းကို ပင်နယ်တီ အဆုံး အဖြတ်မှာ




အနိုင် ရရှိပြီး ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အာဂျင်တီးနား အသင်း အတွက် ပါဝင် ကစားပေးခဲ့တဲ့ ကစာသမား ဖြစ်ပါတယ်၊ ၎င်းဟာ ကာတာမှာ ပေးဂိုး မရှိပွဲ စဉ် သုံးပွဲ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီးနောက် မာတီနက်ဇ် ဟာ ရွှေလက်အိတ် ဆုကို




ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရပြီး ဆုပေးပွဲမှာ ထူးဆန်းတဲ့ ပုံစံနဲ့ အောင်ပွဲ ခံခဲ့တာ ဖြစ်ပါတယ်၊ အီမီလီယာနို မာတီနက်ဇ် ဟာ နိုင်ငံတကာ အဆင့်မှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ ပေမယ့်လည်း ၎င်းရဲ့ ကလပ်အသင်း နည်းပြ ဖြစ်သူ အမ်မရီ က




အက်စတွန် ဗီလာ မှာ အာဂျင်တီးနား ဂိုးသမားကို မလိုချင် တော့တာ ဖြစ်ပါတယ်၊ Fichajes က စပိန် လူမျိုး နည်းပြဟာ အသက် ၃၀ အရွယ် ဂိုးသမားနဲ့ အတူ အလုပ်တွဲ မလုပ်ချင်တော့ဘဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ရောင်းထုတ်ခြင်း ခံရတော့မယ်လို့ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

credit