ရော်နယ်ဒို မရှိလဲ ဖြစ်တယ် ဆိုတာ ပြသရမယ့် အချိန်ပဲလို့ ဆိုလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် Vs နော့တင်ဟမ် ဖောရက် ပွဲစဉ်ကို ခန့်မှန်းပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် Vs နော့တင်ဟမ် ဖောရက်




ဒါဟာ ပွဲကြီးပွဲကောင်း တစ်ပွဲပါ၊ ဂျက်စီ လင်ဂတ် ရဲ့ အိမ်အပြန် ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ချစ်ပေမယ့် ဒီပွဲစဉ်မှာ နာကျင်မှု ပေးဖို့ ပြင်ဆင်လာမှာပါ၊ ဗာရန်း နဲ့ မာတီနက်ဇ် က ဒီပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်၊ ဒါဟာ ဟယ်ရီ မက်ဂွိုင်းယား အတွက် အခွင့်အရေးပါ၊ ဒီပွဲက မှန်းရခက်ပါတယ်။




အန်သိုနီ မာစီရယ် ပြန် ကစားနေတဲ့ အပေါ် ကျနော် အနေနဲ့ ဝမ်းသာမိပါတယ်၊ ဒ့ါအပြင် ဒါဟာ မန်ချက်စတာ ယူနိုက်တက် တို့ ရော်နယ်ဒို မပါဘဲ ပထမဦးဆုံး ကစားရမယ့် ပွဲပါ၊ Erik Ten Hag အတွက် ဖိအားနည်းပါတယ်၊ သူက အနာဂတ် အတွက်ပဲ အာရုံစိုက်မယ်လို့ သူရဲ့ ပြောဆိုမှုကို ကြိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရော်နယ်ဒို ကို မလိုအပ်ဘူး ဆိုတာ ပြသရမယ့် အချိန်ပါ၊ ကစားသမားတွေ အတွက် ကြီးမားတဲ့ တာဝန်တွေ ရှိတယ်၊ အသင်းမှာ negativity လည်း မရှိ တော့တာကြောင့် အားလုံး ရော်နယ်ဒို မရှိရင် မဖြစ်ဘူး ဆိုတဲ့ အသံတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် နဲ့ ပက်သက်ပြီး အကောင်း မြင် ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ နိုင်မယ်လို့ ပြောချင်ပါတယ်။ ခန့်မှန်းချက် မန်ချက်စတာ ယူနိုက်တက် 2-1 နော့တင်ဟမ် ဖောရက် ဖြစ်ပါတယ်။ လို့ အီဗရာက ခန့်မှန်းသွားတာပဲ ဖြစ်ပါတယ်။

credit