နည်းပြ ၅၀ ဦး အနက် ထာဝရ အကောင်းဆုံး နည်းပြ ဆယ်ဦး စာရင်းတွင် နံပါတ်တစ် အဖြစ် ရွေးချယ်ခံရသည့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ဟာ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ထုတ်ပြန် ကြေညာတဲ့ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး နည်းပြ ၅၀ ဦး စာရင်းမှာ နံပါတ်တစ်




နေရာကို ရရှိခဲ့ကြောင်း သိရပါတယ်၊ အသက် ၈၀ နှစ်အရွယ် ဆာအဲလက်စ် ဖာဂူဆန် ဟာ စကော့တလန် လူမျိုး ဖြစ်ပြီး သူဟာ ကစားသမား ဘဝမှာ စကော့တလန် လက်ရွေးစင် အဖြစ် ယှဉ်ပြိုင် ကစားခွင့် ရခဲ့သလို နည်းပြ လောကထဲကို




ဝင်ရောက်လာ ချိန်မှာလည်း အဘားဒင်း၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့နဲ့ အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်၊ ဆာအဲလက်စ် ဖာဂူဆန် ဟာ အဘားဒင်း ကို တာဝန်ယူ ကိုင်တွယ် ခဲ့စဉ်မှာ ရီးရဲလ်မက်ဒရစ် ကို




အနိုင်ယူပြီး ရရှိသည့် ဥရောပ ဖလား တစ်လုံး၊ ဥရောပ စူပါဖလား တစ်လုံး အပါအဝင် ဆုဖလား ၁၀ လုံး အထိ ရယူ နိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် ကို ဆယ်စုနှစ် ၂ စုကျော် တာဝန်ယူ ကိုင်တွယ်ခဲ့ရာ မှာလည်း ဆုဖလား ၃၈ လုံးထိ ရရှိခဲ့ပါတယ်။




သူ့ရဲ့ အံ့မခန်း စွမ်းဆောင်မှုကြောင့် ဗြိတိန် အစိုးရက ဖာဂူဆန် ကို ဗြိတိန် နိုင်ငံရဲ့ အဆင့် အမြင့်ဆုံး ဘွဲ့တံဆိပ် တခု ဖြစ်တဲ့ ဆာဘွဲ့ကို ပေးအပ် ချီးမြှင့်ခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန် ဟာ ၂၀၁၃ ခုနှစ် မှာတော့ မန်ချက်စတာ ယူနိုက်တက်




နည်းပြ ရာထူး ကနေ အနားယူ သွားခဲ့ပါတယ်၊ ဆာအဲလက်စ် ဖာဂူဆန် ဟာ မန်ချက်စတာ ယူနိုက်တက် ကို တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အသင်းအဖြစ် ကနေ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ခဲ့တာ ဖြစ်ပြီး




သူ့ရဲ့ စွမ်းဆောင် ရည်တွေကြောင့်ပဲ 90 Min သတင်းဌာနက ဆာအဲလက်စ် ဖာဂူဆန် ကို ဘောလုံးသမိုင်း တလျှောက် ထာဝရ အကောင်းဆုံး နည်းပြ အဖြစ် သတ်မှတ် သွားခဲ့တာလည်း ဖြစ်ပါတယ်၊ 90 Min သတင်းဌာနရဲ့ ထာဝရ အကောင်းဆုံး နည်းပြ




၁၀ ဦး စာရင်း ကတော့ (၁) ဆာအဲလက်စ် ဖာဂူဆန် (၂) ဆက်ချီ (၃) ရီနော့ မစ်ချယ် (၄) ပပ် ဂွာဒီယိုလာ (၅) ထရာပက်တိုနီ (၆) ယိုဟန် ခရိုက်ဖ် (၇) အာနက်စ် ဟက်ပယ် (၈) ဟီလီနီယို ဟာရဲယား (၉) ဟိုဆေး မော်ရင်ဟို (၁၀) ဘော့ ပီယာ့စ်လေ တို့ပဲ ဖြစ်ပါတယ်။

credit