ပရိတ်တွေ အတွက် ခရစ်စ္စမတ် ဆုတောင်း ပေးလိုက်ပြီး ပေးအပ်မည့် လက်ဆောင်ကို ထုတ်ဖော် အသိပေးလာတဲ့ Erik Ten Hag

Manchester United နည်းပြကြီး Erik Ten Hag ကပရိသတ်တွေကို ခရစ္စမတ် ဆုတောင််းပေးလိုက်ပြီး လက်ဆောင် အဖြစ် ပွဲကြီးပွဲကောင်း တစ်ပွဲ အတွက် လက်မှတ် တစ်စောင် ပေးမယ်လို့ ဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ကမ္ဘာ့ဖလား အလွန် ကာရာဘောင် ဖလား ပွဲစဥ်မှာ ဘန်လေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲရစ်ဆင်၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်း သွားနိုင်ခဲ့ပါတယ်။




ယခုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြန်လည် ကစားရတော့မှာ ဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ဗုဒ္ဓဟူးနေ့ နံနက် 2:30 မှာ ကစားရမှာပဲ ဖြစ်ပါတယ်၊ ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ခြေ မရှိသေးပါဘူး။




ဒီနောက် ဒီနှစ်ရဲ့ နောက်ဆုံးပွဲစဥ် အဖြစ် ဒီဇင်ဘာ 31 ရက်နေ့မှာ ဝုလ်ဗ်နဲ့ ကစားရဖို့ ရှိနေပြီး နှစ်သစ်ရဲ့ ပထမဆုံး ပွဲစဥ် အဖြစ် ဇန်နဝါရီလ 3 ရက်မှာ ဘုန်းမောက် နဲ့ ဆက်လက် ကစားသွားရမှာပဲ ဖြစ်ပါတယ်။




နည်းပြ Erik Ten Hag က MEN နဲ့ အင်တာဗျူး အစီအစဥ်မှာ ခရစ္စမတ်် နှစ်သစ် အတွက် ပရိသတ်တွေဆီ ဆုမွန်ကောင်း တောင်းပေးပြီး လက်မှတ် တစ်စောင် လက်ဆောင် ပေးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။




ပွဲကြီး ပွဲကောင်း တစ်ပွဲ အတွက် လက်မှတ် တစ်စောင် ပေါ့ဗျာ၊ မန်ချက်စတာ ယူနိုက်တက် ပါဝင် ကစားတဲ့ ပွဲပေါ့၊ အားလုံးပဲ ပျော်ရွှင်ဖွယ် ကောင်းတဲ့ ခရစ္စမတ်နဲ့ ပျော်ရွှင်ဖွယ် ကောင်းတဲ့ နှစ်သစ် ပိုင်ဆိုင်ကြပါစေလို့




ကျွန််တော် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်၊ ဒီကာလမှာ ခွန်အားတွေ မွေးပြီး ချစ်တဲ့သူတွေနဲ့ အချိန်တွေ ကုန််ဆုံးခွင့် ပိုင်ဆိုင်ကြပါစေ၊ တစ်ဦးကို တစ်ဦး အချစ်တွေ အများကြီး ပေးပြီး နှစ်သစ် ကျန်းမာ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ကြပါစေ။

ချစ်စရာ ကောင်းပြီး ငြိမ်းချမ်းတဲ့ 2023 ကို ပိုင်ဆိုင်နိုင် ကြပါစေ၊ လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag က ပရိတ်သတ်တွေ အတွက် ဆုမွန်ကောင်း တောင်းပေး လိုက်တာပဲ ဖြစ်ပါတယ်။

credit