Christmas လက်ဆောင် အဖြစ် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် Vs နော်တင်ဟမ် ဖောရက် ပွဲစဉ်ကို ခန့်မှန်းပေးလိုက်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ Christmas အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်ခည် စတင်ချိန်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ တွေ့ဆုံနေပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။




ပွဲချိန်က လာမယ့် ဒီဇင်ဘာလ 28 ရက် ဗုဒ္ဓဟူးနေ့ ည 2:30 မှာ ဖြစ်ပါတယ်၊ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ် အတွက်




ယခုလို သုံးသပ် ခန့်မှန်း ပေးသွားခဲ့ပါတယ်၊ ခရစ်ဆက်တန် က ‘ ဒီရာသီ အစတုန်း ကတော့ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ တန်းဆင်းရမယ့် အန္တရာယ် မရှိဘူးလို့ ထင်ခဲ့ရပေမယ့် အခုတော့ သူတို့ ပြဿနာတွေ




ရှိနေပါပြီ၊ ပြီးခဲ့တဲ့ 7 ပွဲမှာ ရမှတ် 2 မှတ်သာ ရခဲ့သလို သွင်းဂိုး ကလည်း တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ အတွက် သူတို့ အိုးလ်ထရက်ဖိုဒ့် မှာ ဂိုးရမယ်လို့ မမြင်မိပါဘူး၊ ရော်နယ်ဒို ထွက်ခွာ သွားပြီးတဲ့ နောက်မှာ




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပိုကောင်းတဲ့ နေရာ ဖြစ်လာဖို့ အသင်း အနေနဲ့ ပိုကောင်းလာဖို့ အတွက် မျှော်လင့်ခံ နေရတယ်၊ ဒါပေမယ့်လို့ ဒီပွဲကို အနိုင်ရဖို့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့




ခက်ခက်ခဲခဲ အားထုတ်ခဲ့ ရရင် ကျနော်ကတော့ အံ့ဩမှာ မဟုတ်ပါဘူး၊ သွင်းဂိုးရဖို့ ရပ်ရှ်ဖိုဒ့် ဆီကနေ မှော်ဆန်တဲ့ အခိုက်အတန့်တွေ သူတို့ အနေနဲ့ လိုအပ်ပါလိမ့်မယ်။ လို့ ခရစ်ဆက်တန် က သုံးသပ် သွားခဲ့ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို ခန့်မှန်းရလဒ်- မန်ချက်စတာ ယူနိုက်တက် 1-0 နော်တင်ဟမ် ဖောရက်စ်

credit