ဒါဝင် နူးနက်ဇ် ကို သူနဲ့ နှိုင်းယှဉ်လာတဲ့ အပေါ် ဆုဖလားတွေ ရွတ်ပြပြီး တုန့်ပြန်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် အန်ဒီကိုးလ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင််း အန်ဒီကိုးလ် က ယခုရက်ပိုင်း အတွင််း ဒါဝင်နူးနက်ဇ် ကို သူနဲ့ ခိုင်းနှိုင်း ပြောဆိုနေတဲ့ အပေါ် တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါဝင် နူးနက်ဇ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက




ကာရာဘောင် ဖလား ပြိုင်ပွဲမှာ မန်စီးတီးနဲ့ ကစားခဲ့စဥ် တုန်းက ခြေစွမ်းကောင်း ပြဖို့ ရုန်းကန်ခဲ့ရပါတယ်၊ ဒါ့အပြင် အခွင့်အရေး တွေကို ဖြုန်းတီးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်၊ တကယ်တော့ လီဗာပူး တို့




ဒီ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ သူ့ရဲ့ ညံ့ဖျင်းမှု တွေကြောင့်လို့ ပြောရင်း မမှားပါဘူး၊ အဆိုပါ ပွဲစဥ် အပြီးမှာ ပရိသတ် အချို့က ဥရုဂွေး လက်ရွေးစင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် နဲ့




ခိုင်းနှိုင်း ခဲ့ကြတာ ဖြစ်ပါတယ်၊ အခုတော့ အင်ဒီကိုးလ် က နူးနက်ဇ် ကို သူနဲ့ နှိုင်းယှဥ် ပြောဆို ကြတာတွေ က အဓိပ္ပါယ် မရှိကြောင်း ဒီ စကားကို ဘယ်သူ စတင် ပြောလိုက်တာလဲ ဆိုတာတောင် မသိကြောင်း ယခုလို တုန့်ပြန်သွားခဲ့ပါတယ်။




ဒီလို အဓိပ္ပါယ် မရှိတဲ့ စကားကို ဘယ်သူက စပြောလိုက်တာ လဲတောင် သေချာ မသိပါဘူး၊ ဒါပေမဲ့ အခုက ခရစ္စမတ် ကာလပါ ပွဲတော်ရက်ပေါ့၊ ကျွန်တော် ဆိုတာက ကစားသမား ဘဝက အနားယူခဲ့ ပြီးပါပြီ။




ကျွန်တော် ပရီးမီးယားလိဂ် ဖလား ၅ လုံး၊ FA ဖလား ၂ လုံး၊ လိဂ် ဖလား ၁ လုံး၊ ချန်ပီယံလိဂ် ဖလား ၁ လုံး၊ ရွှေဖိနပ်ဆု၊ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု တွေကို ဆွတ်ခူးပြီး ကစားသမား ဘဝ က အနားယူခဲ့တဲ့သူပါ။




ပြီးတော့ ပရီးမီးယားလိဂ် ဂိုး ၁၈၇ ဂိုးထိ သွင်းယူထား နိုင်ခဲ့ပြီးပြီ အဲ့ဒီထဲမှာ ပင်နယ်တီ တစ်လုံးပဲ ပါဝင််တယ်၊ ဘဝက ကျွန်တော် လုပ်ခဲ့တာတွေ ဖြစ်ခဲ့တာ ချည်းပါ၊ လို့ အင်ဒီကိုးလ် က အချက်အလက်တွေ ချပြပြီး တုန့်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။




ဒီလို တုန့်ပြန်လိုက် ချိန် တွစ်တာမှာ အဲ့ဒီပို့စ် တင်ထားသူ တစ်ဦးက သူဟာ ရေးထားခဲ့တဲ့ စာသားကို အမြန် ပြန်ဖျက်ခဲ့ကြောင်း ဒီလို ရေးရတဲ့ အကြောင်းအရင်းက နူးနက်ဇ် ကို အားပေးဖို့ ဖြစ်ကြောင်း ကိုးလ် ရဲ့ ကစားသမား ဘဝကို ထိခိုက်လိုစိတ် မရှိခဲ့ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

credit