ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲပြီးနောက် ပထမဆုံး အကြိမ် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုလာတဲ့ ပေါ့ဂ်ဘာ

ဂျူဗင်တပ်စ် ကွင်းလယ် ကြယ်ပွင့် ကစားသမား ပေါလ် ပေါ့ဂ်ဘာ က ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အတူ ရှိနေခဲ့တဲ့ အချိန်တုန်းက အကြောင်း ပြောပြခဲ့ပါတယ်။




ရော်နယ်ဒို နဲ့ ပေါ့ဂ်ဘာ တို့ နှစ်ဦးလုံးဟာ အိုးလ်ထရက်ဖို့ဒ် မှာ အချိန်ကာလ နှစ်ခုအထိ အတူတူ ရှိခဲ့ဖူးသူတွေ ဖြစ်ပြီး ၎င်းတို့ရဲ့ကစားသမား ဘဝ တလျှောက်မှာ ဂျူဗင်တပ်စ် အသင်းကိုလည်း ကိုယ်စားပြု ပေးခဲ့ကြတာ ဖြစ်ပါတယ်။




ပေါ်တူဂီ ဂန္တဝင်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကနဦး နှစ်နှစ် စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ၂၀၂၁/၂၀၂၂ ရာသီ အတွင်း ပေါ့ဂ်ဘာ နဲ့ အသင်းဖော်တွေ အဖြစ် ကွင်းထဲမှာ




အကြိမ် ၂၀ လောက် ကစားကြခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျူဗင်တပ်စ် နှစ်သင်းလုံးနဲ့ ရင်းနှီးတဲ့ သမိုင်းကြောင်း ရှိခဲ့ပေမယ့် ၂၀၂၁/၂၀၂၂ ရာသီဟာ ရော်နယ်ဒို နဲ့ ပေါ့ဂ်ဘာ တို့ အသင်းဖော် ဖြစ်ခဲ့တဲ့




တစ်ခုတည်းသော ရာသီဖြစ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒါက ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား အတွက် ရော်နယ်ဒို ရဲ့ အားကစား အပေါ် ထားရှိတဲ့ ခံယူချက်ကို သိရှိခွင့် ရရှိဖို့ အတွက် လုံလောက်ခဲ့တာ ဖြစ်ပါတယ်။




ရော်နယ်ဒို ရဲ့ စည်းကမ်းပိုင်းက မယုံနိုင်စရာ ကောင်းခဲ့ပါတယ်၊ ကျွန်တော် ဒီလိုမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး၊ စည်းကမ်းပိုင်းက နောက်ထပ် အဆင့် တစ်ဆင့်မှာ ရှိနေပါတယ်၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို မြင်ခဲ့ဖူးပါတယ်။




ကစားသမား တော်တော်များများ ပါပဲ၊ သူတို့တွေက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်ပြီး စောစောလာတယ်၊ ပြန်လည် ကုစားဖို့ အတွက် အရာအားလုံး လုပ်ပြီး ဒီလိုမျိုး အရာတွေ လုပ်ကြတယ်၊ ဒါပေမယ့် တစ်စုံတယောက် ကတော့




နေ့တိုင်း အဲဒီလို လုပ်နေပြီး မရပ်တန့်ခဲ့ပါဘူး၊ အဲဒါက ခရစ္စတီယာနို ပါပဲ နေ့တိုင်းနော်၊ တစ်ချို့ ရက်တွေမှာ ခင်ဗျားက ငါဒီလောက်ဆို အဆင်ပြေပြီ ဘာညာ ဆိုပြီး နားချင် နားလိမ့်မယ်၊ ဒါပေမယ့် သူက တစ်ရက်လေးမှ လေ့ကျင့်ရေးကို မလွဲချော်ခဲ့ပါဘူး။




သူ့ရဲ့ စည်းကမ်းပိုင်းက အဲဒါကို နေ့တိုင်းလုပ်အောင် သူ့ကိုယ်သူ တွန်းအားပေးနေတယ်၊ ဒီဟာက ထူးဆန်းတဲ့ အရာပါ လို့ ပေါ့ဂ်ဘာက ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲပြီးနောက် ပထမဦးဆုံ အကြိမ် ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit