လီဗာပူး နည်းပြ ကလော့ပ်ရဲ့ ပစ်မှတ်ကို စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်း ပေး‌ပြီး ခေါ်ယူသွားမယ့် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး နည်းပြ ကလော့ပ် အလေးအနက် ချိတ်ဆက်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့် အန်ဇို ဖာနန်ဒက်စ် ကို စာချုပ် ဖျက်သိမ်းကြေး အပြည့်ပေးပြီးခေါ်ဖို့ ကြိုးစား နေပါတယ်။




အန်ဇို ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၁၀၆ သန်း ရှိပြီး အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား ပွဲစဥ်မှာ အကောင်းဆုံး လူငယ် ကစားသမားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။




အန်ဇို ဟာ ဘင်ဖီကာ နဲ့ အတူ အထူး ခြေစွမ်း ပြနေသူ တဦးလည်း ဖြစ်ပါတယ်၊ ၂၁ နှစ်အရွယ် ကစားသမားလေးကို လီဗာပူး က အစောတည်းက ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားက ခြေစွမ်းကြောင့် ၎င်းကို




ရီးရဲလ်မက်ဒရစ် အပါအဝင် အခြား ဥရောပ ကလပ်တွေက စိတ်ဝင် စားလာကြပြီး နောက်ဆုံး အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းပါ ပါဝင်လာတာပါ၊ လီဗာပူး ဟာ အန်ဇို ကို ရဖို့ အခြေအနေ ကောင်းပေမယ့်




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘင်ဖီကာ နဲ့ ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ၁၀၆ သန်းကို အပြည့်အဝ ပေးကာ ခေါ်ယူဖို့ ရည်ရွယ်တာကြောင့် လီဗာပူးထက် ပို ရေပန်းစားလာ ပါတယ်၊ လီဗာပူး အနေနဲ့ အန်ဇိုထက်




သူတို့ ဦးစားပေး ပစ်မှတ် ဘယ်လင်ဟမ် ကို ရဖို့သာ ပုံပြီး အာရုံစိုက် ရဖွယ် ရှိပါတယ်၊ Erik Ten Hag ဟာ ကွင်းလယ်ကို အင်အား ဖြည့်လိုနေပြီး လက်ရှိမှာ အဲရစ်ဆန် နဲ့ ကတ်စမဲရိုး ကို အားပြု နေရပါတယ်။

credit