မန်ချက်စတာ ယူနိုက်တက် အသင်း ရောင်းချမှု အပြီးသတ်မယ့် အချိန်ကို ဘဏ္ဍာရေး အကြံပေးများ Raine Group က အတည်ပြု ပြောဆိုလိုက်ပါပြီ

ခရစ်စတီယာနို ရော်နယ်ဒို မရှိတော့တဲ့ နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက် အသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။




Erik ten Hag ဟာ ၎င်းရဲ့ အုပ်ချုပ်မှု အောက်မှာ 16 ပွဲ ကစားပြီး 3 ဂိုး သွင်းယူ ပေးခဲ့သော ရော်နယ်ဒို နဲ့ အဆင်မပြေ ဖြစ်လေ့ ဖြစ်ထ ရှိပြီး ရော်နယ်ဒို ဟာ ပီယာ့မော်ဂန် နဲ့ အင်တာဗျူး ပြုလုပ် အပြီးမှာတော့

နည်းပြ၊ ဘုတ်အဖွဲ့၊ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများက ရော်နယ်ဒို နဲ့ နှစ်ဘက် သဘောတူ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ကတော့ ရော်နယ်ဒို နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်




သူ သွားပါပြီ၊ အဲတာက အတိတ်မှာ ကျန်ခဲ့ပြီလို့ ဆိုလိုက်ပြီး သူ့ အနေနဲ့ လှပတဲ့ အနာဂတ်ကိုသာ စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုသွား ခဲ့ပါတယ်၊ Erik Ten Hag ပြောသော အနာဂတ်ဟာ




ပိုင်ရှင် အသစ်များ အောက်မှာ ရှိလိမ့်မယ်လို့ မျှော်လင့်ရပြီး၊ Glazer မိသားစုဟာ ဝယ်ယူလို သူများကို တက်ကြွစွာ ရှာဖွေနေပြီး United ကို ရောင်းချရန် အသင့်ရှိနေ ကြောင်း သိရပါတယ်၊ United ကိုရောင်းချရန်




တာဝန်ပေး ထားတဲ့ ဘဏ္ဍာရေး အကြံပေးများ ဖြစ်တဲ့ Raine Group ဟာ 2023 ခုနှစ် ပထမ သုံးလပတ် အကုန်မှာ ရောင်းချမှုကို အပြီးသတ်ရန် ရည်ရွယ်ထားတယ်လို့ ဗြိတိန် သတင်း ဌာနများက အတည်ပြု ရေးသားသွားပြီး ဖြစ်ပါတယ်။




အမှုဆောင် အရာရှိချုပ် Richard Arnold နဲ့ စကားပြော အပြီးမှာ Ten Hag က- ဒီထက် ပိုကောင်းတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်နိုင်ချေ ရှိလိမ့်မယ်။လို့ Ten Hag က ပြောဆိုပါတယ်။




ကျွန်‌တော်တို့ လိုချင်တဲ့ အနေအထား အကြောင်း ပြောတယ်၊ ရည်မှန်းချက်တွေပေါ့၊ ဘယ်အချိန်မှာ အပြီးသတ် မလဲ ပြောခဲ့ပြီး ဒီ ပရောဂျက် အတွက် ပိုက်ဆံတွေ ပိုရလာတဲ့ အခါ ပိုကောင်းလာမယ်၊ လို့ ဆိုပါတယ်။

credit