လူငယ် ပရိတ်သတ် တဦးရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးခဲ့တဲ့ အဲရစ်ဆင် နဲ့ လင်ဒီလော့ဖ်

ဒီတစ်ပတ်မှာတော့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို လာရောက် လည်ပတ်တဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ် ပရိသတ်လေး ဘရက်ဒ်လေ ဟက်မန်း ရဲ့ အိပ်မက်ကို ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ အဲရစ်ဆင် နဲ့ လင်ဒီလော့ဖ် တို့က ဖြည့်ဆည်းပေး သွားခဲ့ပါတယ်။




၁၇ နှစ်အရွယ် ဘရက်ဒ်လေ ဟာ ပီတာဘရော့ချ် နားက ဖြစ်ပြီး ဦးနှောက် အသားပို ရောဂါကို ခံစားနေရပြီး မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေနဲ့ တွေ့ဖို့က သူ့ရဲ့ နံပါတ်တစ် ရည်မှန်းချက်ပဲ ဖြစ်ပါတယ်၊ ကလပ်ဟာ ဘရက်ဒ်လေ ကို သူ့ရဲ့ဖခင် ဆိုင်မွန်၊ အစ်ကို ဖြစ်သူ ဇက်ချာရီ တို့နဲ့ အတူ




ကာရင်တန်ကို ဖိတ်ခေါ်ခဲ့ပြီး လေ့ကျင့်ရေး ကွင်းထဲကို ဝင်ရောက်လာတဲ့ ဘရက်ဒ်လေ တို့ သားအဖကို နှုတ်ဆက်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံးက လေ့ကျင့်ရေးကို ရပ်ခဲ့ကြပါတယ်၊ လေ့ကျင့်ရေး ပြီးနောက်မှာတော့ အဲရစ်ဆင် နဲ့ လင်ဒီလော့ဖ် ဟာ




ဘန်လေ ကို အနိုင် ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ အဲရစ်ဆင် ကို ချီးကျူးခဲ့တဲ့ ဘရက်ဒ်လေ နဲ့ စကားပြောဖို့ ထိုင်ခဲ့ကြပါတယ်၊ ဆာဖာရီ ဥယျာဉ်ရှိ အနီရောင် ပန်ဒါကို သွားရောက် ကြည့်ရှု နေတာကြောင့် ဘန်လေ နဲ့ ပွဲကို မကြည့်ရှု နိုင်ခဲ့တာကိုလည်း ဘရက်ဒ်လေ က ရှင်းပြသွားပါတယ်။




တိရစ္ဆာန်တွေကို ကြည့်ဖို့ ဆိုတာကလည်း ကျွန်တော့်ရဲ့ အိပ်မက် တစ်ခုပါ၊ သူတို့တွေကို ကျွန်တော် ချစ်တယ်၊ သူတို့တွေက တစ်နေကုန် အိပ်လိုက် စားလိုက် လုပ်နေကြတာပါ။ လို့ သူက ဟာသ လုပ်လိုက်ပါ သေးတယ်၊ ခရစ္စမတ် လက်ဆောင် အဖြစ် သူ့ရဲ့ လက်မှတ်ထိုး ပါရှိတဲ့ ဂျာစီကို အဲရစ်ဆင် က




ဘရက်ဒ်လေ ကို ပေးခဲ့ပြီး လင်ဒီလော့ဖ် ကလည်း သူ့ရဲ့ လက်မှတ်ထိုး ပါရှိတဲ့ အနွေးဖိနပ် တစ်စုံကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်၊ သူတို့တွေ စကားပြော ဆိုပြီးနောက် ဘရက်ဒ်လေ နဲ့ တွေ့ရတာ ဘယ်လောက် အထိ ပျော်ဖိုကောင်းသလဲ ဆိုတာကို MUTV မှာ အဲရစ်ဆင် နဲ့




လင်ဒီလော့ဖ် တို့က ပြန်လည် ပြောဆိုခဲ့ပါတယ်၊ ကာရင်တန် ကနေ ဖိတ်ကြားတယ် ဆိုတာကို မိခင်ဆီ ကနေ ကြားသိ လိုက်ရတဲ့ အချိန်မှာ ဘာမှ မပြောနိုင် လောက်အောင်ကို ဝမ်းသာခဲ့ရတယ်လို့ ဘရက်ဒ်လေ က ပြောပါတယ်၊ ကျန်းမာရေး အခြေအနေ တွေကြောင့်




ဘဝကို ခြိမ်းခြောက်ခြင်း ခံနေရသူ၊ အကန့်အသတ်နဲ့ နေနေရသူ ကလေးတွေ ထံကို အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံ တွေကိုပေးနိုင်ဖို့ ကူညီပေးခဲ့တဲ့ Make-A-Wish ပရဟိတ အဖွဲ့ကို မန်ချက်စတာ ယူနိုက်တက် က ကျေးဇူးတင် နေပါတယ်။

credit