ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ လမ်းခွဲဖို့ အလားအလာ များလာတဲ့ ရော်နယ်ဒို

ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ တောင်ကိုရီးယား အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် အတွင်း လူစားလဲစဉ် ငြိုငြင်ဟန် ပြသခဲ့တဲ့ ရော်နယ်ဒို ရဲ့ အပြုအမူကြောင့် နည်းပြ ဆန်းတို့စ် က ကမ္ဘာ့ဖလား လက်ကျန် ပွဲစဉ်များမှာ ရော်နယ်ဒို ကို အရန်ခုံပေါ်မှာ




အချိန်ကုန်စေ ခဲ့တာကြောင့် ဘောလုံး ပရိသတ်တွေရဲ့ ဝေဖန် ပြောဆိုမှုတွေ မြင့်တက်ခဲ့ရ သလို ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး လာမယ့် ရာသီသစ် အတွက် ပေါ်တူဂီ အသင်းရဲ့ လက်ရွေးစင် ကစားသမား အဖြစ် ဆက်ရှိ နေမလား ဆိုတာကိုလည်း ကစားသမား ကိုယ်တိုင်က




နှုတ်ဆိတ် နေတာပဲ ဖြစ်ပါတယ်၊ ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ်မှာ မော်ရိုကို အသင်းကို အရေးနိမ့်ခဲ့ပြီး လှည့်ပြန်ခဲ့ရ အပြီး ကလပ်အသင်းလည်း လက်မဲ့ ဖြစ်နေတဲ့ ရော်နယ်ဒို ရဲ့ အနာဂတ်နဲ့ ပက်သက်လို့လည်း




ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ဆက် ကစားပေးသွား မလားဆိုတာ ပရိတ်သတ်တွေ အတွက် စိတ်ဝင်စားစရာ အချက် အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်၊ ရွှေဘောလုံး ၅ကြိမ် ဆုရှင် ၃၇ နှစ်အရွယ် ဝါရင့် တိုက်စစ် ကစားသမား ရော်နယ်ဒို ဟာ




ဒီနှစ် အစောပိုင်းမှာ ၂၀၂၄ ယူရို ပြိုင်ပွဲ အထိ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ ဆက်လက် ကစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့တာ ဖြစ်ပေမဲ့ ပေါ်တူဂီအသင်း အပါအဝင် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အခက်အခဲ အချို့ကို




ကြုံတွေ့လိုက် ရတာကြောင့် လက်ရွေးစင် ကစားသမား အဖြစ် ဆက် ကစားသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ ဆက် ကစားနိုင်ရေး အတွက် အခြေအနေက ပေါ်တူဂီ အသင်းရဲ့




လာမယ့် နည်းပြ အပေါ် မူတည်နေတာ ဖြစ်ပြီး ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်က နာမည်ကျော် နည်းပြတွေ ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို၊ လီယိုနာဒို ဂျာဒင် နဲ့ လူးဝစ် ဗန်ဟားလ် တို့ကို ချိတ်ဆက်နေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

credit