‌ဇန်နဝါရီ ဈေးကွက်မှာ သရဲနီ ဖြစ်လာမယ့် ဂက်ပိုကို ဘာကြောင့် လီဗာပူးကို ရောင်းချတဲ့ အကြောင်းအရင်းမှန် ထွက်ပေါ်လာ

လီဗာပူး အသင်းဟာ ယနေ့ နံနက် အစောပိုင်းက နယ်သာလန် လက်ရွေးစင် ကိုဒီ ဂတ်ပိုကို PSV အသင်းကနေ ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်၊ ကလပ် နှစ်သင်းကြား သဘောတူ စာချုပ် ချုပ်ဆိုပြီး ၂၃ နှစ်အရွယ် ဂတ်ပို ဟာ




ယူကေမှာ ဆေးစစ်မှု အောင်မြင်တာ နဲ့ ယခု တစ်ပတ် နှောင်းပိုင်းမှာ လီဗာပူး နဲ့ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်၊ လီဗာပူး ဟာ လူးဝစ် ဒီယက် နဲ့ ဒီယိုဂို ဂျိူတာ တို့ရဲ့ ကာလရှည် ဒဏ်ရာတွေကြောင့် တိုက်စစ်ပိုင်း ရွေးချယ်မှု နည်းပါးနေကာ ဒီအတွက် ကြောင့်ပဲ အပြောင်းအရွေ့ ‌ဈေးကွက်ထဲ




ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဂတ်ပို ကို မန်ချက်စတာ ယူနိုက်တက်၊ ဆောက်သမ်တန်၊ လိဒ် တို့က စိတ်ဝင်စားနေ ကြပေမယ့် ဘရန်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အတွက် ၅ ပွဲ ကစား ၃ ဂိုး သွင်းယူပေးတဲ့ ဂတ်ပို အတွက် လီဗာပူး ဟာ ကောင်းမွန်တဲ့ နေရာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘရန်း က-




လီဗာပူး ဟာ ကစားသမား ခေါ်ယူမှု အပိုင်း နဲ့ ပက်သက်ပြီး တအားကို အာရုံစိုက် လုပ်ဆောင်လေ့ ရှိတဲ့ အသင်းပါ၊ တစ်ခါတစ်ရံမှာ သူတို့ဟာ လာမည့် ရာသီ အတွက် ခေါ်ယူဖို့ ကစားသမားတွေကို နိုဝင်ဘာလ တည်းက သတ်မှတ်ထားပြီး ဖြစ်ပါတယ်၊ ဂတ်ပို ဟာ သူတို့ အတွက် ကောင်းမွန်တဲ့




partner ဖြစ်လာနိုင် သလား? အမှန်ပါပဲ၊ ဆက်လက်ပြီး ဘရန်းက လိဒ် ယူနိုက်တက် ဟာ ဂတ်ပို အတွက် ကျနော်တို့ကို ယူရိုသန်း ၃၀ + add-ons ယူရို ၁၁ သန်း ဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်၊ add-ons ထဲက ယူရို ၆ သန်းက လိဒ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှ ဖြစ်ပါတယ်။




လူတွေက ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းမှုကို PSV ဘာ့ကြောင့် လက်မခံတာလဲ ဆိုပြီး အများကြီး ပြောဆို ရေးသားခဲ့ ကြပေမယ့်လည်း PSV management က ဘယ်သူကမှ ဒါကို လက်ခံ သွားလိုစိတ် မရှိခဲ့ပါဘူး၊ အကယ်၍ မန်ချက်စတာ ယူနိုက်တက် သာ ဂတ်ပို အတွက် ကျနော်တို့ လိုချင်တဲ့ ပမာဏကို ကမ်းလှမ်းခဲ့မယ် ဆိုရင်




ကျနော်တို့ သူတို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်၊ ကိုယ်လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ရရင် ကျနော်တို့ သူ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး၊ ဘောနက်စ် အပါအဝင် ကျနော်တို့ ဂတ်ပို အတွက် ‌အနည်းဆုံး ယူရို သန်း ၅၀ အလိုရှိ နေခဲ့တာပါ။
ကိုဒီ ဂတ်ပို ရဲ့ management နဲ့ ဒီ သဘောတူညီမှုကို ရရှိထားပြီး ဖြစ်ပါတယ်။




ကျနော်တို့ ဒါကို လျစ်လျူရှုလို့ မရပါဘူး၊ ဒါဟာ စာချုပ် ဖျက်သိမ်းကြေး လိုမျိုး မဟုတ်ပေမယ့် မှန်ကန်တဲ့ ကလပ်က မှန်ကန်တဲ့ ငွေကြေး ပမာဏနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ဒါက option ပါပဲ၊ ကျနော်တို့ စိတ်ထဲမှာ သူ့ရဲ့ နေရာကို
ပြန်လည် အစားထိုးဖို့ ကစားသမားကို စဉ်းစားထားပြီး ပြီလား? အမှန်ပါပဲ။




ကျနော်တို့ ကြည့်ထားတဲ့ ကစားသမား စာရင်းက အမြဲ ရှိနေပြီးသားပါလို့ ဆိုပါတယ်၊ ဂတ်ပို ကို လီဗာပူးထံ ရောင်းချ ခဲ့ပြီးနောက် ဘရန်း က PSV management က အပြောင်းအရွေ့ကို Boxing day မှာ အပြီးသတ်ခဲ့ပြီး ဂတ်ပို ကို အင်္ဂလန်ကို သွားရောက်ဖို့ ခွင့်ပြုချက် ပေးလိုက်ပါပြီ။




နှစ်သင်းစလုံးဟာ ပြောင်းရွေ့ကြေး နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ကြေငြာချက် မထုတ်ပြန်ဖို့ သဘောတူညီ ခဲ့ပါတယ်၊ ဒါပေမယ့် ဒါက PSV အတွက် ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်ပါတယ်။ လို့ ဆိုလိုက်ပါတယ်။

credit