ယခုတော့ ဂက်ပိုထက် သာတဲ့ ကြယ်တစ်ပွင့်ကို ခေါ်ယူသွားမယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က သူ အလိုရှိခဲ့တဲ့ နယ်သာလန် ကြယ်ပွင့် ကစားသမား တိုက်စစ်မှူး ကိုဒီ ဂတ်ပို ကို ခါးသီး ပြိုင်ဘက် လီဗာပူး အသင်းထံ လက်လွှတ် ဆုံးရှုံးခဲ့ရ ပြီးနောက် တိုက်စစ်မှူးသစ် တစ်ဦး လိုအပ်ကြောင်း အသင်း တာဝန်ရှိသူတွေကို အသိပေးသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ၂၃ နှစ်အရွယ် နယ်သာလန် ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပို ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ထဲက ကြိုးပမ်းခဲ့ပေမယ့် ပီအက်စ်ဗွီ အသင်းမှ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့ တာကြောင့်




ယခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အင်မတန် ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူး က ဂတ်ပို ကို ကြားဖြတ် ခေါ်ယူသွားခြင်း ခံလိုက်ရပါတယ်၊ လီဗာပူး က ဂတ်ပို ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်း + အပိုဆုကြေး ပေါင် ၁၃သန်းနဲ့ စုစုပေါင်း ပေါင် သန်း ၅၀ နဲ့ သဘောတူညီမှု ရရှိခဲ့သွားတာ ဖြစ်ပါတယ်။




ဂတ်ပို က လီဗာပူး နဲ့ ၆ နှစ် သက်တမ်းရှိတဲ့ ကာလရှည် စာချုပ် တရပ် ချုပ်ဆိုမယ်လို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနို က အတည်ပြု ပြောဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် က တစ်နိုင်ငံထဲသား ဖြစ်သူ ကိုဒီ ဂတ်ပို ကို ခေါ်ယူချင် ခဲ့ပေမယ့် ထုံစံ အတိုင်း ဘုတ်အဖွဲ့က ယခု ဆောင်းဈေးကွက် အတွင်း




ငွေကြေး များများစားစား မသုံးစွဲ ချင်တာကြောင့် တန်ဟက်ဂ် အနေနဲ့ ဂတ်ပို ကို လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်၊ ယခုတော့ အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် သူ့ကို တိုက်စစ်မှူးသစ် တဦး ခေါ်ယူပေးဖို့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါပြီ။




Erik Ten Hag က- ကျွန်တော်တို့မှာ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး ဖြေရှင်းနည်း ၂ မျိုးရှိပါတယ်၊ ပထမ တခုက သွင်းဂိုးတွေကို အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေဆီ ကနေ ညှစ်ထုတ်ဖို့ပါ၊ ကျွန်တော်တို့မှာ ဂါနာချို ရှိမယ်၊ အီလန်ဂါ ရှိမယ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အတော်လေး ခြေစွမ်း ပြခဲ့တဲ့ ပယ်လစ္စထရီ ရှိမယ်၊ ကျွန်တော်တို့ သူတို့ကို အားကိုးလို့ ရနိုင်တယ်။




ဒါက ပထမနည်းပါ ဒုတိယ နည်းကတော့ ကစားသမားသစ် ခေါ်ယူဖို့ပါ၊ ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ တိုက်စစ်မှူး တဦးကို ဆုံးရှုံးထား ရတာကြောင့် တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့ လိုမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ မှန်ကန်တဲ့ ကစားသမားမျိုးကိုပဲ ခေါ်ဖို့ လိုပါတယ်၊ ကျွန်တော် လူစာရင်းထဲကို




အရည်အသွေးတွေ ပေါင်းထည့် ပေးနိုင်မယ့် တိုက်စစ်မှူးမျိုးကို လိုအပ်တာပါ၊ တိုက်စစ်မှူး ဖြစ်ရင် ပြီးရော လုပ်လို့ မရပါဘူး။ လို့ ပြောကြား သွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ ရက်ရှ်ဖို့ဒ် မာစီရယ် တို့ကို နံပါတ် ၉ နေရာမှာ အသုံးပြုနေပြီး သမားရိုးကျ တိုက်စစ်မှူး ပုံ စံကစားနိုင်တဲ့ တိုက်စစ် ကစားသမား တစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။




ယခုတော့ အဲရစ် တန်ဟက်ဂ် က ရော်နယ်ဒို နေရာကို အစားထိုးဖို့ ယူဗင်တပ်စ် အသင်း တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူရန် ချိန်ရွယ်နေပြီး ယူဗင်တပ်စ် အုပ်ချုပ်ရေး ဒါရိုက်တာအဖွဲ့ အားလုံး ကမ္ဘာ့ဖလား မတိုင်မီ နုတ်ထွက်သွားပြီးနောက် အသင်းအတွင်း အခြေအနေ မတည်မငြိမ် ဖြစ်နေပြီး အီတလီ ကလပ် အသင်းက




ကြယ်ပွင့် ကစားသမား အချို့လည်း အသင်းပြောင်းဖို့ ခွင့်ပြုထားကြောင်း သတင်းများက ဖော်ပြသွားခဲ့ကြပါတယ်။ ဗလာဟိုဗစ် ဟာ ယူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းနဲ့ ဖီအိုရင်တီနားမှ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်းကို မန်ချက်စတာ ယူနိုက်တက် က ယခင်တည်းက သဘောကျနေခြင်း ဖြစ်ကြောင်း သိရပါတယ်။




ဆားဘီးယား လက်ရွေးစင် ဗလာဟိုဗစ် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင် နေကြောင်း ချဲလ်ဆီးကလည်း ၎င်းကို စိတ်ဝင်စား နေကြောင်း သတင်းများက ဆက်လက် ဖော်ပြခဲ့ပြီး၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဗလာဟိုဗစ် အပြင် အေတီကိုမှာ အဆင်မပြေ ဖြစ်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖိလစ် အတွက် နှစ်ဘက် အသင်း ဆွေးနွေးနေ ကြောင်းလည်း သိရပါတယ်။

credit