အသင်းသစ်မှာ အခြေချဖို့ ဆေးစစ်မှု အစီအစဉ် အတွက် စတင် လှုပ်ရှားနေပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဆော်ဒီ အာရေဗျ ကလပ် အယ်လ် နက်ဆာ အသင်းကို မပြောင်းရွှေ့ခင် ဆေးစစ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်၊ ပေါ်တူဂီ ဂန္တဝင် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလား မတိုင်ခင်




ပီးယာ့စ် မော်ဂန် နဲ့ အငြင်းပွားဖွယ် အင်တာဗျူး အပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခဲ့ရ ပြီးနောက် ရွေးချယ်စရာတွေ လျော့ကျသွားခဲ့တာ ဖြစ်ပြီး




ဘိုင်ယန်မြူးနစ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ကလည်း ပေါ်တူဂီ တိုက်စစ်မှူးကို ခေါ်ယူမယ့် သတင်းတွေကို ငြင်းပယ်ခဲ့ကြတာ ဖြစ်ပါတယ်၊ ရော်နယ်ဒို အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းက




ထွက်ခွာခဲ့ပြီး နောက်ပိုင်း ရရှိခဲ့တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုက ဆော်ဒီ အာရေဗျ ကလပ် အယ်လ် နက်ဆာ အသင်းဆီ ကနေ ဖြစ်ပါတယ်၊ အယ်လ် နက်ဆာ အသင်းဟာ လက်ရှိ ဆော်ဒီ ပရော်ဖက်ရှင်နယ် လိဂ်မှ





အမှတ်ပေး ဇယား ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ အသင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်၊ အယ်လ် နက်ဆာ အသင်းက အဲဒီ ရည်မှန်းချက် တွေကို




အမှန်တကယ် ဖြစ်လာဖို့ အတွက် ရော်နယ်ဒို ကို ခေါ်ယူမှုက အဓိက ကျတဲ့ ခြေလှမ်း ဖြစ်လာနိုင် တယ်လို့ မျှော်လင့်နေတာ ဖြစ်ပြီး ကြီးမားတဲ့ ငွေကြေး ပမာဏနဲ့ အပြောင်းအရွှေ့က ပြီးမြောက်ဖို့ ပိုမို နီးကပ်လာ နေပြီ ဖြစ်ပါတယ်။

CBS Sports ရဲ့သတင်း အရ အယ်လ် နက်ဆာ အသင်းဟာ ရော်နယ်ဒို အတွက် ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ စီစဉ် ထားတယ်လို့ သိရပြီး ပေါ်တူဂီ ကြယ်ပွင့်ရဲ့ အေးဂျင့်ဟာ ၎င်းရဲ့ကစားသမား အတွက် ဥရောပမှာ




ခေါ်ယူချင်တဲ့ အသင်း ရှာဖွေနိုင်ခြင်း မရှိခဲ့တာကြောင့် ဘလွန်ဒီအော ၅ ကြိမ် ဆုရှင်ဟာ ရွေးချယ်စရာ မရှိတဲ့ အခြေအနေ ဖြစ်နေတာ ဖြစ်ပါတယ်၊ အယ်လ် နက်ဆာ အသင်းဟာ လက်ရှိမှာတော့ ရော်နယ်ဒို ကို

ခေါ်ယူနိုင်ဖို့ အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အသင်း အဖြစ် ရှိနေပြီး တစ်နှစ်လုပ်ခ လစာ ပေါင် ၁၇၃ သန်း တန်ကြေး ရှိတဲ့ စာချုပ် တရပ်နဲ့ ကမ်းလှမ်းခဲ့ တယ်လို့ Mirror သတင်းက ဖော်ပြသွားခဲ့ပါတယ်။

credit