တဖက် ပစ်မှတ် တဖက် အပြိုင် ခေါ်ယူရာ ယခုအခါ ခါးသီးပြိုင်ဘက် ပစ်မှတ်ကို ခေါ်ယူဖို့ တန်ဟက်ဂ် က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်

အာဂျင်တီးနား ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ် ကို ခေါ်ယူနိုင်ရေး ပြိုင်ပွဲမှာ ခါးသီး ပြိုင်ဘက် လီဗာပူး အသင်းထက် လက်ဦးမှု ရစေဖို့ မန်ချက်စတာ ယူနိုက်တက် က ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်း အပြည့်ပေးဖို့ အထိ




ပြင်ဆင်လျှက် ရှိကြောင်း ဗြိတိန် နာမည်ကြီး သတင်းဌာနများက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ ထွန်းတောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ




ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ အတွင်း အာဂျင်တီးနား ပြည်တွင်း ကလပ် ရေးဗားပလိတ် မှ ပေါ်တူဂီ ထိပ်သီး ကလပ် ဘင်ဖီကာ ဆီ ပြောင်းရွှေ့ လာခဲ့တာပါ။ ၂၁ နှစ်အရွယ် ကစားသမားဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆု ရရှိခဲ့ပြီး




ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ အပြင် စပိန် အင်အားကြီး ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူနိုင်ဖို့ စောင့်ကြည့် နေတယ်လို့ သိရပါတယ်၊ UOL Esporte သတင်းဌာနရဲ့အဆို အရ အန်ဇို ဖာနန်ဒက်ဇ် ကို ခေါ်ယူနိုင်ရေးကို ပြိုင်ပွဲရဲ့အစောပိုင်း ကာလတွေမှာ လီဗာပူး က ဦးဆောင်နေ ခဲ့ပေမယ့်




လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် က အသာ ရနေတယ်လို့ ဖော်ပြ လာပါတယ်၊ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးကိုပါ ပေးချေသွားမှာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် က ဘင်ဖီကာ အသင်းထံ အသိပေး အကြောင်းကြား ခဲ့တယ်လို့ ဒီ သတင်းဌာနက ဆက်လက် ဖော်ပြခဲ့ပါတယ်။




လီဗာပူး အနေနဲ့ ဒေ့ါမွန် ကြယ်ပွင့် ဘယ်လင်ဟမ် ကို ခေါ်ယူဖို့ အာရုံ စိုက်နေ ဖွယ် ရှိတာကြောင့် အာဂျင်တီးနား လက်ရွေးစင်ကို ခေါ်ယူနိုင်ရေး ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဦးဆောင်လာတယ်လို့ သတင်းတွေမှာ

ဖော်ပြသွားပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း အဲရစ်ဆင်၊ ကတ်စ်မဲရိုး တို့လို ဝါရင့် ကစားသမားတွေကို ခေါ်ယူခဲ့မှုနဲ့ အတူ နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်နေတာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူဖို့




အဲရစ် တန်ဟက်ဂ် အနေနဲ့ ကြိုးပမ်းခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ တရားဝင် ဖြစ်မြောက်လာတာမျိုး မရှိခဲ့ပါဘူး၊ နည်းပြရဲ့ လက်ရှိ အစီအစဉ်မှာ ကတ်စ်မဲရိုး နဲ့ အဲရစ်ဆင် တို့က ကွင်းလယ်ပိုင်းကို ဦးဆောင် ပေးနေသလို တွမ်မီနေး ကလည်း အနာဂတ် အစီအစဉ်တွေမှာ ပါဝင်နေပါတယ်၊ ဒါ့အပြင်




မန်ချက်စတာ ယူနိုက်တက် က အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် ကို နောက်ထပ် ၁၂ လ စာချုပ်သက်တမ်း တိုးထားခဲ့ပါတယ်၊ အေဂျက်စ်မှာ နည်းပြ တန်ဟက်ဂ် နဲ့ အတူ တောက်ပခဲ့တဲ့ ဒွန်နီ ဗန်ဒီဘိခ် က ခြေစွမ်း ပြသနိုင်ခြင်း မရှိပေမယ့် အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

credit