ထွက်ခွာရန် ချိတ်ဆက်နေတဲ့ ကြယ်တစ်ပွင့်ကို ကမ္ဘာ့ဖလားမှာ ပြခဲ့သည့် ခြစွမ်းကြောင့် ပထမ အသင်းတွင် နေရာပေးသွားမည် ဖြစ်ကြောင်း ပြောဆိုလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ထွက်ခွာရန် ချိတ်ဆက်တဲ့ ဖာကန်ဒို ပယ်လီစထရီ သည် ရာသီ ဒုတိယပိုင်းတွင် ကလပ်အသင်း အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့သည်။




ပယ်လီစထရီ သည် Penarol မှ သရဲနီများထံ ရောက်ရှိ လာပြီးနောက် မန်ချက်စတာ ယူနိုက်တက် နဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်၊ မန်နေဂျာများ ဆက်တိုက် လက်အောက်ရှိ ကလပ်အတွက် ပထမဆုံး ပွဲထွက်ခွင့် မရရှိသေးပေမယ့်




၎င်းဟာ စပိန်ကလပ် Alaves တွင် ၁၈ လ အငှားဖြင့် ကစားခဲ့ပြီး ၃၅ ပွဲ ကစားခဲ့ပြီး အောင်မြင်မှု မရရှိပေမယ့် ကမ္ဘာ့ဖလားမှာ ဥရုဂွေး အတွက် အထင်ကြီးစရာ ဖြစ်ခဲ့ပြီး အုပ်စုအဆင့် ပွဲစဉ် 3 ပွဲစလုံး ပါဝင်နိုင်ခဲ့သည်။





ပယ်လီစထရီ ကို ရာသီကြိုမှာ နည်းပြ ဖြစ်သူ Ten Hag က အခွင့်အရေး ပေးခဲ့ပြီး ဇူလိုင်လက လီဗာပူးကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ လူစားလဲ ဝင်ရောက် ကစားခဲ့ပါတယ်၊ တောင်ပံ ကစားသမားဟာ ဥရုဂွေး အသင်းနှင့် အုပ်စုမှ ထွက်ခွာခဲ့ ရပြီးနောက်




Erik Ten Hag က ၎င်းရဲ့ အထင်ကြီးစရာ ခြေစွမ်းကြောင့် ပထမအသင်းတွင် အသုံးပြဖို့ ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ “အချက် နှစ်ချက် ရှိပါတယ်၊ ပထမ အချက်က လိုအပ်နေတဲ့ ဂိုးတွေကို ကျွန်တော်တို့ အသင်းကနေလည်း ထွက်လာနိုင်ပါတယ်။”




အသင်းရဲ့ တိုက်စစ် ပြဿနာများနှင့် ပတ်သက်လို့ ကလပ်က ကစားသမားများ အတွက် အခွင့်အလမ်း ပိုများကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ “(Alejandro) Garnacho ကိုကြည့်ပါ၊ (အန်တိုနီ) Elanga ကိုကြည့်ပါ၊ ကမ္ဘာ့ဖလားနှင့်




ပြီးခဲ့သည့် အပတ်က အဲဗာတန်နှင့် ကစားသည့် ပွဲနှင့် လေ့ကျင့်ရေးတွင် ကောင်းစွာ အထင်ကြီးအောင် ပြုလုပ်ခဲ့တဲ့ ပယ်လီစထရီ ကိုကြည့်ပါ၊ “ဒါပေမယ့် ငါတို့မှာ တိုက်စစ်မှူး တစ်ယောက် ဆုံးရှုံးသွားပြီ ဆိုတာ ငါသိပါတယ်။




ဒါကြောင့် တိုက်စစ်မှူး တစ်ယောက်တော့ ခေါ်ယူရမယ် ထင်တယ်၊ တိုက်စစ်မှူး ဖြစ်ရော မဟုတ်ဘဲ မှန်ကန်တဲ့ အရည်အသွေးနဲ့ အသင်းအတွက် အရည်အချင်း ရှိဖို့လည်း လိုအပ်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ပြဿနာတွေကို အလိုမရှိပါပဲ၊ မန်ချက်စတာ ယူနိုက်တက် က စံနှုန်းမြင့်တယ် ”လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit