နော်တင်ဟမ် ဖော်ရက်စ် ကို 3-0 နဲ့ အနိုင် ရရှိခဲ့ပေမယ့် ကျေနပ်မှု မရှိကြောင်း ပွဲပြီး အင်တာဗျူးတွင် ရှင်းပြလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag

ယနေ့ နံနက် အစောပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လင်ဂတ် ပါဝင်တဲ့ ဖောရက်စ် ကို အိမ်ကွင်းမှာ 3-0 နဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်၊ ဒါပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် က တိုက်စစ်မှူး များရဲ့




အဆုံးသတ်မှု အပိုင်းများမှာ လိုအပ်ချက် ရှိနေသေးကြောင်း ထုတ်ဖော် ပြောဆိုသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖောရက်စ် ကို အနိုင်ရ လိုက်ပြီးနောက် အဆင့် 4 နေရာက စပါး နဲ့ တစ်မှတ်သာ ကွာတော့ပြီး




လက်ရှိ အဆင့် 5 နေရာကို ရပ်တည်နေပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဖောရက်စ် နဲ့ ပွဲမှာ ဗဟို ခံစစ်မှူး နေရာမှာ လုခ်ရှော နဲ့ ဗာရန်း တို့ကို တွဲဖက် အသုံးပြုခဲ့ပြီး ပွဲပြီးကာနီးမှတော့ ဗာရန်း ကို ဟယ်ရီ မက်ဂွိုင်းယား နဲ့ လူစားလဲခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အတွက် ဂိုးများကို ပထမပိုင်းမှာ ရပ်ရှ်ဖို့ဒ် နဲ့ မာရှယ် တို့က သွင်းယူခဲ့ပြီး တတိယ ဂိုးကိုတော့ ကတ်စမဲရိုး ကဲ့ ဖန်တီးမှုက တစ်ဆင့် ဒုတိယပိုင်း ၈၇ မိနစ်မှာ ဖရက်ဒ် က သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။




သို့ရာမှာ မာရှယ် အန်ထော်နီ နဲ့ ရပ်ရှ်ဖို့ဒ် တို့ ဂိုးသွင်းရန် အခွင့်အရေး ကောင်းအချို့ကို အကောင်းဆုံး အသုံးမချနိုင် ဖြစ်ခဲ့ပါတယ်၊ ယခုတော့ အဲရစ် တန်ဟက်ဂ် က- မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အခုထက် ပိုပြီး




ဂိုးရသင့် ခဲ့ကြောင်း ကျွန်တော် အဝတ်လဲခန်းထဲမှာ ပြောကြားခဲ့ပါတယ်၊ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် တတိယ ဂိုး ရဖို့ကို ပွဲပြီးကာနီး အထိ အချိန်ကြာ ခဲ့ပါတယ်၊ ပြိုင်ဘက်ကို အနိုင်နဲ့ ပိုင်းနိုင်ဖို့က တတိယ ဂိုးကို အခုထက် ပိုပြီး စောစောရဖို့ လိုအပ်ပါတယ်။




ဒုတိယပိုင်း အစမှာ ဂိုးသွင်းဖို့ အခွင့်အရေးကောင်း နှစ်ကြိမ် ရရှိခဲ့ပြီး အဲဒီ ဂိုးတွေသာ ရခဲ့ရင် ကစားရတာက အခုထက် ပိုပြီး စိတ်အေး လက်အေး ကစားနိုင် ပါလိမ့်မယ်၊ နောက်ထပ် ပွဲတွေ အများကြီး ကစားရဦးမှာ ဖြစ်ပြီး စောစော အနိုင်ရဖို့ သေချာ နေရင် ခွန်အားကို ခြွေတာနိုင်တာပေါ့။




အသင်းအနေနဲ့ အဆုံးအဖြတ် ဂိုးတွေ သွင်းတဲ့ နေရာမှာ အခုထက် ပိုပြီး သေချာဖို့ အများကြီး လိုအပ်ပါတယ်။လို့ နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ ပွဲအပြီးမှာ ဂက်ပို နဲ့ ပတ်သက်ပြီး အဲရစ် တန်ဟက်ဂ် ကို မေးမြန်းသော်လည်း ဖြေကြားရန် ငြင်းဆန်သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အနေနဲ့




တိုက်စစ် ကစားသမား တစ်ဦးကို ခေါ်ယူရန် ကြိုးစားနေကြောင်း သုံးရက် တစ်ကြိမ်လောက် ပွဲတွေ ကစားနေရ ခြင်းကြောင့် တိုက်စစ်မှူး လိုအပ်ကြောင်း ပြိုင်ပွဲ များစွာကို နောက်ဆုံး အဆင့် အထိ တက်ရောက်နိုင်ရန် ကြိုးစားနေ ခြင်းကြောင့် ပွဲများစွာ ကစားရန် ရှိနေပြီး ကစားသမား လိုအပ်ချက်ရှိ ကြောင်း ပြောကြားသွားခဲ့ပါတယ်။

credit