ကြီးမားတဲ့ စံချိုးဆိုးကို ချိုးဖျက်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 3-0 နော်တင်ဟမ် ဖောရက်စ် ပွဲပြီး သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အများစုက ဒီရာသီရဲ့အကောင်းဆုံးလို့ ပြောနေကြတဲ့ ထောင့်ကန်ဘောကို ပြုလုပ် ခဲ့ပြီးနောက် နော်တင်ဟမ် ဖောရက်စ် ကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ တန်ဟက်ဂ် ရဲ့ အသင်းဟာ အသင်းသား တွေထဲမှာ




နာမကျန်း ဖြစ်မှုတွေ ရှိခဲ့ပေမယ့်လည်း ခြေအသာနဲ့ ပွဲကို စတင်နိုင်ခဲ့တာ ဖြစ်ပြီး လင်ဒီလော့ဖ်၊ မက် တော်မီနေး တို့ ပွဲရဲ့ လူစာရင်းထဲ မပါဝင်ခဲ့ဘဲ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ကလည်း အရန်ခုံ ကနေသာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ရဲ့ ဗဟိုခံစစ် နေရာမှာ လွန်ခဲ့တဲ့ ၉ ရက်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားခဲ့တဲ့ ဗာရွမ်း နဲ့ ဘယ်နောက်ခံလူ လုခ်ရှော တို့က ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ၁၉ မိနစ်မှာပဲ




ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပြီး ခရစ်ရှန် အဲရစ်ဆင် ဆီကနေ အလွန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ ရတာ ဖြစ်ပါတယ်၊ ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင်ဟာ အန်တိုနီ ညာတောင်ပံမှာ ဖောရက်စ် နောက်ခံလူ တွေကို ကျော်ဖြတ်ဖို့




ကြိုးပမ်းခဲ့ ပြီးနောက် ရရှိလာတဲ့ ထောင့်ကန်ဘော ကနေ တဆင့် ပင်နယ်တီ ဧရိယာထဲမှာ ရှိနေတဲ့ ရပ်ရှ်ဖို့ဒ် ဆီ ပေးပို့ခဲ့တာ ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှူးရဲ့ ကန်ချက်က တိကျ သေသပ်တဲ့ အတွက် ဖောရက်စ် ဂိုးသမား ဟန်နက်ဆီ




လှုပ်ချိန်တောင် မရလိုက်တာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဟာ ဘန်လေ အသင်းကို ၂-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ အပတ် ကာရာဘောင်း ဖလား ပွဲစဉ်မှာ အလွန် ကောင်းမွန်တဲ့ တကိုယ်တော် အားထုတ်မှုနဲ့ ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား အပြီး




ဒုတိယမြောက် သွင်းဂိုးကို သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ပရိသတ်တွေဟာ လူမှု ကွန်ရက်ပေါ်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အကွက်ကို အံ့အားသင့် ခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ထောင့်ကန်ဘော ကနေ ဂိုးမသွင်း ယူနိုင်တဲ့ စံချိန်ဆိုးတွေကို




ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီ တည်ကန်ဘောက ငါတို့တွေ လုပ်နိုင်ခဲ့တယ်လို့ မယုံကြည် နိုင်လောက်တဲ့ တည်ကန်ဘော တစ်ခုပဲ၊ လို့ ပရိသတ် တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ် တစ်ဦးက လှလိုက်တဲ့ လုပ်ရိုးလုပ်စဉ် တစ်ခု၊ လို့ မှတ်ချက် ပေးခဲ့ပါတယ်။

credit