သားဖြစ်သူ ဂျူနီယာကို မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းမှ ထွက်ခွာစေခဲ့ပြီး အသင်းသစ်သို့ ပြောင်းရွှေ့ အပ်နှံလိုက်ပြီ ဖြစ်တဲ့ ရော်နယ်ဒို

ပီယာ့‌ မောဂန် နဲ့ အငြင်းပွားစရာ အင်တာဗျူး ပြုလုပ်ခဲ့ပြီးနော် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို တို့ နှစ်ဘက် သဘောတူ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။




ယခုတော ဖခင် ဖြစ်သူ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း စာချုပ် ဖျက်သိမ်းပြီးနောက် ဂျူနီယာ ဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းကနေ ထွက်ခွာသွားခဲ့ ပြီပဲပါတယ်၊ ပေါ်တူဂီ ကြယ်ပွင့်ဟာ ဒီဇင်ဘာ လလယ်မှာ အသင်းဟောင်းနဲ့




ဆက်ဆံရေး ဖြတ်တောက်ဖို့ ရွေးချယ်ခဲ့ပြီး ယခုအခါ ၎င်း၏ သား ခရစ္စတီယာနို ဂျူနီယာ ကိုလည်း မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီမှာ ကစားနေ သော်လည်း ထွက်ခွာစေခဲ့ပြီး ရီးရဲလ်မက်ဒရစ် လူငယ် အသင်းထံ ပြန်လည် ဝင်ရောက်စေခဲ့ပြီ ဖြစ်ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို ဟာ ၎င်း၏သား အတွက် မျှော်လင့်ချက် ကြီးမားပြီး 2016 ခုနှစ်က ယခုလို ဖော်ပြသွား ခဲ့ဖူးပါတယ်၊ “ကျွန်တော့် သားကို ထူးချွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်စေချင်ပါတယ်။




သူ့က ထူးချွန်တဲ့ အားကစားသမား တစ်ယောက် ဖြစ်လာမယ် လို့ ကျွန်တော် ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူ့မှာ အားကစား သွင်ပြင် လက္ခဏာ ရှိတယ်၊ သူ အခု အလွန် ငယ်သေးတယ်၊ ငါးနှစ်သာ ရှိသေးသော်လည်း သူ ဘောလုံးကို နှစ်သက် နေပါပြီ။”




“ကျွန်တော့် အိမ်မှာ ဘောလုံး အလုံး 30 ရှိတယ်၊ သူက အမြဲတမ်း ဘောလုံးကို သဘောကျတယ်၊ ဒါက သဘာဝ အတိုင်း ပေါက်ဖွားလာတာပါ၊ သူ့ကို ကစားသမား အဖြစ် အတင်းအကျပ် တွန်းအားပေးမှာ မဟုတ်ဘူး၊ သူ့ ရွေးချယ်မှုပဲ ဖြစ်ရမယ်၊ သူဖြစ်ချင်တဲ့ အတိုင်း ဖြစ်ရမယ်။

ကျွန်တော် သူ့ကို လုံးဝ ကွက်ကွက်သွားမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူက ကျွန်တော်လို ကစားသမား တစ်ယောက် ဖြစ်ချင်တာ ထင်ရှားပါတယ်၊ သူက သူ့ အဖေလို ထိပ်တန်း တစ်ယောက် ဖြစ်လာမှာပါ။”




သူ ကွင်းထဲမှာ ကျွန်တော်ကို ဆက် ကစားဖို့ တောင်းဆိုခဲ့ ဖူးပါတယ်၊ 2019 ခုနှစ်ကပေါ့ “တစ်ခါတလေ ဖိအားပေးပြီး ‘အဖေ၊ နောက်ထပ် နှစ် အနည်းငယ်လောက် ဆက်ကစားပါ၊ ဒါမှ ကျွန်တော်တို့ အတူတူ ကစားနိုင်မှာ’ လို့ ပြောပါတယ်၊ နှစ်အနည်းငယ် ကျန်သေးရင်တောင် ဒါက ခက်လိမ့်မယ် ထင်ပါတယ်။ ”




ရော်နယ်ဒို ဟာ နွေရာသီမှာ မန်ချက်စတာ ကနေ ထွက်ခွာဖို့ လမ်းစ ရှာခဲ့ပေမယ့် ခေါ်ယူလိုသူ အနည်းငယ်သာ ရှိတာကြောင့် ထွက်ပေါက် ရှာမရခဲ့ပါဘူး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် တို့က ချိတ်ဆက်မှုများ ရှိခဲ့သော်လည်း ၎င်းကို မရွေးချယ်ခဲ့ကြဘဲ ခြောက်လ အကြာမှ ရွေးချယ်စရာ အနည်းငယ်သာ ရှိပါတယ်။




ရလဒ် အနေနဲ့ အရှေ့ အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ အလားအလာ များလာနေပြီး ဆော်ဒီ အာရေးဗီးယား ကလပ် Al-Nassr က Ballon d’Or ငါးကြိမ် ဆုရှင်ကို ဥရောပမှ ထွက်ခွာနိုင် လောက်တဲ့ တန်ကြေးနဲ့ ကမ်းလှမ်းထား တာဖြစ်ပြီး ရော်နယ်ဒိုဟာ ဆေးစစ်မှုများ လုပ်ဆောင်ရန် စတင်နေပြီလည်း ဖြစ်ပါတယ်။

credit