မာရှယ်ထံက တောင်းဆိုမှု တခု ပြုလုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့်ဟာ သုံးလောကရဲ့ စစ်နတ်ဘုရားလို လူ ဖြစ်ကြောင်း အီဗရာ ထုတ်ပြော

ပြင်သစ်သားဟာ နော်တင်ဟမ် ဖောရက်စ် ကို 3-0 ဖြင့် အနိုင် ရရှိခဲ့သော ငါးကြိမ်မြောက် အောင်ပွဲ အပြီးတွင် ပက်ထရစ် အီဗရာ က အန်တိုနီ မာရှယ်အား “ဂိုးများ” ထပ်မံ သွင်းယူရန် တိုက်တွန်းခဲ့သည်။ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းသည်




စတုတ္ထ နေရာက တော့တင်ဟမ် ဟော့စပါး နှင့် တစ်မှတ်သာ ကွာဟတော့ပြီး Marcus Rashford၊ Martial နဲ့ Fred တို့ရဲ့ သွင်းဂိုးတွေကြောင့် အိုးလ်ထရက်ဖို့ဒ် မှာ သက်တောင့်သက်သာပဲ နိုင်ပွဲ ရယူနိုင်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် သည် ကမ္ဘာ့ဖလား အလွန်




ပရီးမီးယားလိဂ် ပွဲစဉ်များ ပြန်လည် စတင်ပြီးနောက် ပထမ နှစ်ပွဲတွင် ပေးဂိုး မရှိဘဲ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်၊ ကာရာဘောင် ဖလား ကွာတား ဖိုင်နယ်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ချန်ပီယံ ဇယားထိပ်ဆုံးမှ ဘန်လေကို ၂-၀ ဖြင့် အနိုင် ရရှိကာ




အဲရစ် တန်ဟက်ဂ် ၏ ကစားသမားများဟာ ထိပ်တန်း ပုံစံဖြင့် ပြန်လည် ရောက်ရှိလာပုံ ရသည်၊ Martial သည် ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွား ပြီးနောက် XI တွင် ၎င်း၏ နေရာကို ခိုင်မာစေရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း




ဒဏ်ရာနှင့် ကြံ့ခိုင်မှု ပြဿနာများဖြင့် ရုန်းကန်ခဲ့ ရပြီးနောက် မာရှယ်သည် ၎င်း၏ ဒဏ်ရာ ပြဿနာများကို နောက်ကွယ်တွင် ထားရန်၊ နိုင်ပွဲ ရယူရန် စိတ်အား ထက်သန်နေပြီး Evra က ၎င်းအား ကြံ့ခိုင်နေစေလိုကြောင်း အသက် 25 နှစ်အရွယ် ကစားသမားအား ပြောကြားခဲ့သည်။




ပက်ထရစ် အီဗရာ က- “ကျွန်တော် Martial ပြန်လာနိုင်တာ အတွက် ပျော်ပါတယ်၊ ပွဲအပြီးမှာ သူနဲ့ စကားပြော ခဲ့ပါတယ်၊ ကျွန်တော် သူ့ဆီက ဂိုးတွေ ထပ်လိုချင်တယ်လို့ ပြောခဲ့ပါတယ်။ “ကျွန်တော် သူ့ကို ကြံ့ခိုင်နေစေချင် တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါက တကယ်ကို အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်၊ မန်နေဂျာကလည်း သူ့ရဲ့ ကြံ့ခိုင်မှုကို ဂရုစိုက်စေ ချင်ပါတယ်။ လို့ အီဗရာ က ပြောကြားခဲ့သည်။




ဆက်လက်ပြီး Casemiro နဲ့ ပတ်သက်လို့လည်း ‌၎င်းက “ပြောင်မြောက်သော စွမ်းဆောင်ရည် အတွက် Man of the Match ဆုကို ချီးမြှင့်ခံရသော Casemiro အတွက် ၎င်း၏ လေးစားမှုကို အသေးစိတ် ဖော်ပြခဲ့သည်။

ကတ်စမဲရိုး ဟာ ကွင်းလယ်မှာ လွှမ်းမိုးမှု ရှိတဲ့ ပြသမှု တွေ အပြီးမှာ သူဟာ ” စစ်နတ်ဘုရား ” လို သုံးလောက အတွက် ကောင်းကျိုးတွေ ယူဆောင်လာပေးတဲ့ သူပါ၊ တကယ့်ကို စစ်နတ်ဘုရားပါပဲ၊ သူက အရာအားလုံးကို လုပ်ဆောင်နေပါတယ်။




ဒီလို အံ့အားသင့်စရာ ကောင်းတဲ့ အရာ‌တွေက အခြား တယောက်ယောက်မှာ ရှာဖွေ တွေ့ရှိဖို့ မလွယ်ကူကြောင်း Evra က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit