သွင်းဂိုး ပမာဏနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ကြိုတင် အသိပေး ပြောဆိုလာတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ မနေ့ညက အိုးလ်ထရက်ဖို့ဒ် မှာ နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး အပြင် ဂိုးဖန်တီးမှု တစ်ကြိမ်ကိုပါ လုပ်ဆောင် နိုင်ခဲ့တာကြောင့်




အခုဆိုရင် ရပ်ရှ်ဖို့ဒ် ရဲ့ ဒီရာသီ အတွင်း သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ပမာဏဟာ စုစုပေါင်း ၁၀ ဂိုး အထိကို ရှိလာခဲ့ပြီ ဖြစ်ပါတယ်၊ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ အတော်လေး တောက်ပလာပြီး




ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားခဲ့ရာမှာ စုစုပေါင်း သွင်းဂိုး ၁၀ ဂိုး သွင်းယူ ထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကို ၄ ကြိမ်လည်း ပြုလုပ်နိုင် ပါတယ်၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ တုန်းက တစ်ရာသီလုံး ၃၂ ပွဲ ကစားခဲ့ရာ သွင်းဂိုးပေါင်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ် အတွက်




ရုန်းကန်ခဲ့ရတဲ့ ဘောလုံးရာသီ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိ မှာတော့ ရပ်ရှ်ဖို့ဒ် က ပြီးခဲ့တဲ့ ရာသီက သွင်းယူ ထားနိုင်ခဲ့တဲ့ ပမာဏ ထက် နှစ်ဆလောက်ထိ သွင်းယူထား နိုင်ပါတယ်။ တိုက်စစ်မှူတိုင်းက သူတို့ ကြိုးစားချင်တဲ့ ကိန်းဂဏန်းတွေ ရှိနေမယ် ထင်ပါတယ်။




နောက်ပြီး ကျွန်တော်လည်း တစ်ရာသီ အတွင်း သွင်းခဲ့ ဖူးတဲ့ ဂိုး အရေအတွက် ထက်ကို ပိုမို သွင်းယူ သွားချင် ပါတယ်။း၊ အဲ့ဒါက ၂၂ ဂိုးလို့ ထင်ပါတယ်၊ ဟုတ်တယ်၊ ကျွန်တော် အနေနဲ့ ဂိုးတွေ ဆက်သွင်းပြီး ရလဒ်တွေ ကောင်းအောင် ကြိုးစားသွား ချင်ပါတယ်။




ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီကနဲ့ မတူတဲ့ လုံးဝ ကွဲပြားတဲ့ ခံယူချက်မျိုး ရှိလာခဲ့တယ်၊ အခုက ကွဲပြား ခြားနားသွားတဲ့ အသင်း တစ်သင်း ဖြစ်လို့ ကျွန်တော် တို့တွေ ဂိုးတွေ ပိုမို သွင်းယူပြီး ပွဲတွေကိုလည်း ပိုမို အနိုင်ရ သင့်ပါတယ်၊ အသင်း အတွက် ပါဝင်ရခြင်း




ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ကွဲပြားတဲ့ စိတ် ခံယူချက် ထားပြီး အကျိုး သက်ရောက်မှု ရှိစေဖို့ တစ်ချိန်လုံး တွေးတော စဉ်းစားနေဖို့ လိုပါတယ်၊ ကစားရတဲ့ အချိန်တိုင်းမှာ ဂိုးတွေ ထပ်ရနိုင်မလား ဒါမှ မမဟုတ် ကွင်းထဲမှာ အခွင့်အရေးတွေ ထပ်ရနိုင်မလား ဆိုတာ




ဘယ်သူမှ သေချာ မသိနိုင်ပါဘူး၊ သေချာတာ ကတော့ မတူညီတဲ့ ခံယူချက်နဲ့ စိတ်ဓါတ်မျိုး ရှိနေရပါမယ်၊ ဒါပေမယ့် ကျွန်တော် ကတော့ ကျွန်တော် လုပ်နေတာကို ကျွန်တော် သဘောကျပါတယ်။ လို့ ရပ်ရှ်ဖို့ဒ် က ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit