မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးမည်ဟု ဆို

ဂါဘရီရယ် အဘွန်လာဟော က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်၊ လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့




မန်ချက်စတာ ယူနိုက်တက် ဟာ ဒုတိယ နေရာက နယူးကာဆယ် နဲ့ ၄ မှတ် အကွာ တစ်ပွဲလျော့ ကစားထားခဲ့ ပေမယ့် ထိပ်ဆုံး နေရာက အာဆင်နယ် နဲ့ ၁၁ မှတ် ကွာဟနေ တာကြောင့် အမှီလိုက်ရန် မလွယ်ကူလှပါဘူး။




မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီမှာ ဂန်းနား တို့ကို အနိုင်ယူ နိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာလ က အာဆင်နယ်ကို ၃-၁ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပါတယ်၊ လက်ရှိ အဲရစ် တန်ဟက်ဂ် ဟာ လာမည့် ပွဲစဉ် ၂ ပွဲမှာ




အမှတ်ပြည့် ရယူနိုင်ရန် ပစ်မှတ် ထားနေပြီး ၎င်းရဲ့ အသင်းဟာ လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တန်းဆင်းဇုန် က ဝုဖ် နဲ့ ဇန်နဝါရီ ၄ ရက်နေ့ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားခဲ့တဲ့ ဘုန်းမောက် ကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာပါ။




တော်တော်များများက မန်ချင်စတာ ယူနိုက်တက် ဟာ လက်ရှိမှာ အရှိန်အဟုန် ကောင်းကို ရရှိနေတာကြောင့် top 4 ၀င်ခွင့် ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းနေ ကြပေမယ့် အဘွန်လာဟော က- မန်ချက်စတာ ယူနိုက်တက် ဟာ ချန်ပီယံလိ ဂ်၀င်ခွင့်ထက် ပိုမို မြင့်မားတဲ့ အရာကို




စိန်ခေါ်သွားမှာပါ၊ သူတို့ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ရယူသွား မယ်လို့ ပြောချင်ပါတယ်၊ ဒီအသင်းရဲ့ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အခါ သူတို့ရဲ့ အင်အားကို ကြည့်လိုက်ပါ၊ သူတို့မှာ ဒီဂီယာ၊ ဒါလော့ တို့လို ပုံစံကောင်း ရနေတဲ့ ကစားသမားတွေ အပြင်




ဗာရန်း နဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ် တို့လို ကစားသမား တွေလည်း ရှိပါတယ်၊ ဗာရန်း သူ့ရဲ့ ကစားသမား ဘ၀မှာ ဘာတွေ လုပ်ပြထားသလဲ အားလုံး သိပြီးသားပါ၊ သူ ပုံစံကောင်း ရနေတဲ့ အခါ တကယ့် ထိပ်တန်း နောက်ခံလူ ဖြစ်ပါတယ်။




ဘယ်နောက်ခံလူ နေရာမှာ လူ့ရှော ရှိနေပြီး ကွင်းလယ်မှာ ကတ်စမဲရိုး၊ ဘရူနိုဖာ နန်ဒက်စ် နဲ့ အဲရစ်ဆင် တို့လို ကစားသမားတွေ ရှိနေပါတယ်၊ ဖန်တီးမှုပိုင်း ကောင်းကောင်း လုပ်ပေးနိုင်တဲ့ သူတွေပါ၊ တိုက်စစ်မှာ မားကပ်စ် ရပ်ဖို့ဒ် ရှိနေပြီး

အန်သိုနီ ကလည်း ထိပ်တန်း တောင်ပံ ကစားသမားပါ၊ အန်သိုနီက အများကြီး လေ့လာသင်ယူ သွားရမှာပါ၊ ဒါပေမယ့် သူ အများကြီး ပိုကောင်းလာမှာသူပါ၊ ဒီနောက် အထောင် တိုက်စစ်မှာ အန်သိုနီ မာစီရယ် ရှိနေပါတယ်၊ ဒီကစားသမား ၁၁ ဦးနဲ့တင်

top 4 ဆိုတာ သက်တောင့် သက်သာ ၀င်ခွင့်ရတယ်၊ ချဲလ်ဆီးရဲ့ best XI ထက်စာရင် မန်ချက်စဝာာ ယူနိုက်တက် best XI ကိုပဲ ယူချင်ပါတယ်။လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit