မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ကစားသမား ခေါ်ယူသွားဖို့ ရှိလား ဆိုတဲ့ မေးခွန်းအပေါ် အတည်ပြု ဖော်ပြသွားတဲ့ သတင်းထောက် နှစ်ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ မကြာခင် အသင်းကို ရောင်းချဖို့ ရည်ရွယ် ထားတာကြောင့် ဆောင်းဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့ ငွေကြေး မထုတ်ပေးဟု သတင်းထောက် အွန်စတိန်း နဲ့ အဲလက်စ် ခရော့ က ဖော်ပြသွားပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ ဆယ်စုနှစ် ၂ စုနီးပါး ပိုင်ဆိုင်ခဲ့ ပြီးနောက် ၂၀၂၃ ခုနှစ် အတွင်းမှာ အသင်းကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဂလေဇာ မိသားစုရဲ့ ကိုယ်စားလှယ် တွေက မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူမယ့် ပိုင်ရှင်သစ်ကို စတင် ရှာဖွေနေပြီး




ဂလေဇာ မိသားစုက မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ရောင်းချရာ က ပေါင် ၅ ဘီလီယံနဲ့ ၉ ဘီလီယံကြား ပမာဏ ရရှိမယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာ အာရပ် စော်ဘွားတွေ အမေရိကန် ဘီလီယံနာ တွေနဲ့ ကမ္ဘာတဝှမ်းက ဘီလီယံနာ တွေက




မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေ ကြပါတယ်၊ နာမည်ကြီး သတင်းထောက် ဖြစ်သူ အွန်စတိန်း ရဲ့ အဆိုအရ ဂလေဇာ မိသားစုဟာ မန်ချက်စတာ ယူနိုက်တက် ကို မကြာခင်မှာ ရောင်းချဖွယ် ရှိနေပြီး အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့




ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ က ယခု ဆောင်းဈေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်၊ အဲလက်စ် ခရော့ ကလည်း အွန်စတိန်း ရဲ့ ဖော်ပြချက်ကို ထောက်ခံခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် မှာ ဆောင်းဈေးကွက် အတွင်း သုံးစွဲဖို့ ငွေကြေး မရှိတာကြောင့်




မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူ တွေက ဂျာအိုး ဖီးလစ် ကို အငှားနဲ့ ခေါ်ယူဖို့တောင် ခက်ခဲနိုင်တယ်လို့ ဆိုသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုး ဖီးလစ် ကို ရာသီဝက် အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက်




အငှားကြေး ပေါင် ၈ သန်း + ဖီးလစ် ရဲ့ လုပ်ခလစာ ပေါင် ၈ သန်း စုစုပေါင်း ပေါင် ၁၆ သန်းကို ပေးချေရဖို့ ရှိနေပြီး အကယ်၍ ရှိရင်းစွဲ ကစားသမားတွေထဲက တဦးကို မရောင်းထုတ်နိုင်ရင် ဖီးလစ် ကို ခေါ်ယူဖို့ မလွယ်ကူကြောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

credit