နည်းပြနဲ့ ရော်နယ်ဒို ရဲ့ ပြသနာ အပေါ် သူ့အမြင်ကို ဖော်ပြလိုက်ပြီး နည်းပြနဲ့ အဆင်ပြေအောင် မနေရင် ဘေးထွက်နေရမယ်လို့ ကစာသမား အားလုံးကို အသိပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပတ်သက်ပြီး အခက်တွေ့ နေသော်လည်း ကလပ်ကို တည်ငြိမ်အောင် စည်းကမ်း ပိုမို ရှိလာအောင် နည်းပြ Erik Ten Hag က လုပ်ပေးခဲ့ကြောင်း အခုလို လုပ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ချီးကျူး ပြောဆိုလိုက်ပါတယ်။




ပရီးမီးယားလိဂ် ပွဲစဉ်များ ပြန်လည် စတင်တဲ့ အင်္ဂါနေ့က ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ နော်တင်ဟမ် ဖောရက်စ် ကို ၃-၀ နဲ့ အနိုင် ရရှိခဲ့ပြီး တစ်ပွဲလျော့ဖြင့် ဒုတိယ နေရာက နယူးကာဆယ် နှင့် ၄ မှတ်ကွာ အနေအထားကို ရောက်ရှိသွားပြီလည်း ဖြစ်ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို ရဲ့စာချုပ်ကို ဖျက်သိမ်းလိုက် ပြီးနောက် တိုက်စစ်မှာ ကစားသမား နည်းပါးနေတဲ့ မန်ချက်စဝာာ ယူနိုက်တက် အတွက် ရပ်ရှ်ဖို့ဒ် နဲ့ မာရှယ်က ဂိုးသွင်းယူ ပေးခဲ့ကြပါတယ်၊ လက်ရှိ ရာသီ အစောပိုင်းက တော့တင်ဟမ် နဲ့ ပွဲမှာ လူးစားဝင်ရောက်ဖို့




ငြင်းဆိုခဲ့တဲ့ ပေါ်တူဂီ စတားဟာ နည်းပြ အဲရစ် တန်ဟက်ဂ် အပေါ် လေးစားမှု မရှိကြောင်း ပီးရက်စ် မော်ဂန် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဖာနန်ဒက်စ် က အဲ့ဒီလို ဖြစ်မနေဘဲ နယ်သာလန်သား ရဲ့




စည်းကမ်းပိုင်း ဆိုင်ရာ လုပ်ဆောင်မှု တွေကို ချီးကျူး လိုက်ပြီး နည်းပြ ပြောဆိုတဲ့ အတိုင်း မလုပ်ဘူး ဆိုရင် ဘေးထွက် နေရမယ် ဆိုတာ ကစားသမားတွေကို သိစေခဲ့ ပါတယ်လို့ ပြောကြား လိုက်ပါတယ်၊ ဖောရက်စ်အား အနိုင် ရရှိခဲ့ပြီးနောက် NBC Sports နဲ့




ပြောဆိုရာမှာ ဖာနန်ဒက်စ် က ပွဲတွေကို အနိုင် ရရှိရင် ပျော်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ အနိုင် ရရှိမယ် ဆိုရင် အားလုံး ပိုပြီး ပျော်ရွင်လာမှာပါ၊ တိုက်စစ်မှုး တွေက ဂိုးတွေ သွင်းယူချင်တယ်၊ ဂိုးတွေ ဖန်တီးပေး ချင်တယ်၊ ဒီလိုမျိုးပါပဲ ဒါ ကစားသမား အားလုံး အတွက် အရေးကြီးပါတယ်။




ကျွန်တော်တို့ အတွက် အဓိက ကတော့ နည်းပြ အပြောင်း အလဲ များခြင်း၊ အားလုံး ပြောင်းလဲခြင်း က ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်ကာလ ဖြစ်ပြီး အခု နည်းပြက ကျွန်တော်တို့ကို တည်ငြိမ်ဖို့ ပေးစွမ်းလာ တာကိုတွေ့ လာရမှာ ဖြစ်ပါတယ်။




ဒါဟာ ကျွန်တော်တို့ တကယ် လိုအပ်နေတဲ့ အရာ ဖြစ်သလို အရေးပါတဲ့ အရာလည်း ဖြစ်ပြီး ကြီးမားတဲ့ စည်းမျဉ်း စည်းကမ်းလည်း ဖြစ်ပါတယ်၊ ကျွန်တော့် အတွက် ကတော့ ဒါက အသင်းက လိုအပ်နေတဲ့ အရာ ဖြစ်ပါတယ်၊ အသင်းတိုင်းလည်း ဒီလို ဖြစ်မယ် ထင်ပါတယ်။




အသင်း အနေနဲ့က အနည်းငယ်လောက် လိုနေတယ်လို့ မြင်မိပါတယ်၊ လုပ်စရာ ရှိတာကိုလုပ် မလုပ်ရင် ထွက်သွားရမယ် ဆိုတာကို အခုတော့ အသင်းသားတွေ နားလည် သွားကြပါပြီလို့ ပြောဆိုလိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ အရင်ကထက် ပိုပြီး ပျော်လာ သလားလို့ မေးမြန်း ခံရချိန် မှာတော့




မဟုတ်ပါဘူး၊ စိတ်ပျက်စရာ အချိန်တွေလည်း ရှိခဲ့ပါတယ်၊ ကိန်းဂဏာန်းတွေ အရ ပြောရမယ် ဆိုရင် ကျွန်တော် ပထမဆုံး နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲလောက် က ကောင်းတယ်လို့ မြင်မိပါတယ်၊ အရင်လို ဂိုး မသွင်းမှုတွေ၊ ဖန်တီးမှုတွေ မလုပ်နိုင်ပေမယ့်




အခု ပိုကောင်းအောင် ကစားနေပါတယ်၊ ဒါမှမဟုတ် ပွဲတွေမှာ အရင်ကထက် ပိုပြီး ပါဝင် ပတ်သက်ဖြစ် လာပါတယ်၊ အသင်းသာ အနိုင် ရရှိမယ် ဆိုရင် ကျွန်တော့် အတွက် ပိုပြီး အရေးပါမယ်လို့ ထင်ပါတယ်၊ အနိုင် ရရှိတဲ့ အခါမှာ ဒီ မျက်နှာတွေကိုပဲ

နေ့တိုင်း တွေ့နေရတာကြောင့် လေ့ကျင့်ရေး မှာလည်း ပိုပြီး လွယ်ကူလာ နိုင်ပါတယ်၊ ရှုံးနိမ့်တဲ့ အခါမှာတော့ ဒီ မျက်နှာတွေကိုပဲ တွေ့နေရ တာကြောင့် အနည်းငယ် ခက်ခဲနိုင်ပါတယ်လို့ ဖာနန်ဒက်စ် က ပြောဆိုခဲ့ပါတယ်။

credit