အဲဗာတန် ကြယ်တစ်ပွင့်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေ

ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွင်း ရလဒ်ပိုင်း ပိုမို ကောင်းမွန်းနိုင်ရန် အတွက် ကစားသမား ဖြည့်တင်းမှု ပြလုပ်ရန် ပြင်ဆင်မှု ပြုလုပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချဲလ်ဆီး အသင်း တို့က ဂိုးသမား နေရာ အတွက်




တော့တင်ဟမ် အသင်းက ပစ်မှတ်ထားနေတဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် ကို ခေါ်ယူနိုင်ရန် စိတ်ဝင်စား‌နေပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ဂိုးသမား အဖြစ် နေရာရထားတဲ့ ဂျော်ဒန် ပစ်ဖို့ဒ် အနေဖြင့်




အဲဗာတန် အသင်းနဲ့ အတူ ထိပ်တန်း အဆင့် လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အပြင် ပါးရည်နပ်ရည် ရှိတဲ့ ကစားဟန် တွေကြောင့် ပရီးမီးယားလိဂ် အသင်းကြီး အချို့က ခေါ်ယူရန် စိတ်ဝင် စားလာကြတာ ဖြစ်ပြီး




ပစ်ဖို့ဒ် အနေဖြင့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်းမှာလည်း လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဘောလုံး ပရိသတ်တွေရဲ့ ချီးကျူးမှုကိုပါ ခံယူ ထားရတာလည်း ဖြစ်ပါတယ်၊ ကမ္ဘာကျော် သတင်းဌာန တစ်ခု ဖြစ်တဲ့




Daily Mail သတင်းဌာနရဲ့ ဖော်ပြချက် အရ တော့တင်ဟမ် အသင်းအပြင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွင် နိုင်ပွဲ ရှာဖွေနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချဲလ်ဆီးအသင်း တို့ကလည်း ခေါ်ယူ လိုနေကြတာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ် အသင်းတို့က ပစ်ဖို့ဒ် ကို ရာသီကုန်မှာ ခေါ်ယူသွားဖို့ စိတ်ဝင် စားနေကြတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ စာချူပ် သက်တမ်း ကုန်တော့မယ့် အင်္ဂလန်လက် ရွေးစင်ဂိုးသမား အတွက် အဲဗာတန် အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း ဝန်းကျင်ဖြင့် ရောင်းချ သွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

credit