ရော်နယ်ဒို မရှိတော့တာကြောင့် ကစားသမား ၁၁ ဦး အပြည့် ကစားရပြီဟု ဆို

နော်တင်ဟမ် ဖောရက်စ် ကို ၃ ဂိုးပြတ် အနိုင် ရရှိခဲ့တဲ့ ပွဲစဥ် အပြီးမှာ ပရိတ်သတ်များက မန်ချက်စတာ ယူနိုက်တက် အခုမှ ကစားသမား ၁၁ ယောက်နဲ့ ကစားရတာလို့ တွစ်တာပေါ်မှာ ရေးသား ပြောဆိုခဲ့ ကြပါတယ်။




ဆိုလိုတာက ရော်နယ်ဒို ရှိနေခဲ့စဉ်က သူ့ကို ထည့်သွင်း ကစားချိန်မှာ အသင်း ကစားနေတာက ကစားသမား ၁၀ ဦးတည်းနဲ့သာ ကစားနေခဲ့ရတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်၊ ရော်နယ်ဒို ကတော့ ဒီရာသီမှာ အသင်းနဲ့




အဆင်မပြေ ဖြစ်ခဲ့ပြီး အင်တာဗျူး ပြုလုပ်ခဲ့ အပြီးမှာ နှစ်ဘက် သဘောတူ လမ်းခွဲခဲ့ ကြတာပါ၊ နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ရော်နယ်ဒို က လိဂ်ဂိုး ၁ ဂိုးတည်းသာ ရရှိခဲ့ပြီး ပုံမှန် ပွဲ ကစားခွင့် ပျောက်ဆုံးခဲ့လို့ အဆင် မပြေမှုတွေ ရှိခဲ့ပြီး




သူ ဝင်ကစားချိန် ဆိုရင် အသင်း အနေနဲ့ ခြေစွမ်းပိုင်း ကျဆင်းတယ်လို့ ပရိသတ်တွေက ယူဆခဲ့ ကြပါတယ်၊ ယမန်နေ့က ပွဲ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦးက- ကျနော် မလေးစားတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ရော်နယ်ဒို က




အသင်းနဲ့ စာချုပ် ဖျက်သိမ်းဖို့ အတွက် ကစားခဲ့တယ် လို့တောင် ခံစားရပါတယ်၊ လို့ ရေးသားသွားခဲ့ပါတယ်၊ နောက်ထပ် တစ်ဦးကလည်း ခရစ္စတီယာနို ထွက်သွား အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက




ကစားပုံ အထင်ကြီးစရာ ကောင်းသွားတယ်၊ လို့ ပြောဆိုသွား ခဲ့ပါတယ်၊ အခြား တစ်ဦးကလည်း ရော်နယ်ဒို နဲ့ စာချုပ် ဖျက်ပြီးတော့ ဘာတွေ ကောင်းကျိုး ရလာလဲ ဆိုရင် တိုက်စစ် မြန်လာတယ်၊ တန်ပြန် တိုက်စစ်တွေ ပိုပြီး လုပ်လာနိုင်တယ်။




အသင်းတသင်း အနေနဲ့ တဦးကို တဦး ပိုပြီး ကူညီနိုင် လာတယ်၊ တချို့ကစားသမားတွေ ကစားရတာ ပိုပြီးတော့ လွတ်လပ်လာတယ်၊ လို့ သုံးသပ် ပြောဆိုသွားခဲ့ ပါတယ်၊ GOAT လို့ နာမည်ပေးထားတဲ့ တွစ်တာ အကောင့်ကတော့ အခုမှ ကစားသမား ၁၀ ဦးကနေ




၁၁ ဦး ဖြစ်သွားတော့တယ်၊ နည်းပြ ကလည်း သူ လုပ်ချင်တာကို လုပ်လို့ ရနေပြီ၊ လူစားမလဲတာ အရန်ခုံ ဆိုရှယ် မီဒီယာပေါ်မှာ ဒရာမာတွေ မရှိတော့ဘူး၊ ပရိသတ် အတုတွေလည်း မရှိတော့ဘူး။ လို့ ရေးသားခဲ့ပါတယ်။

credit