ပီလီ ကွယ်လွန်သွားတဲ့ အပေါ် ဝမ်းနည်းကြောင်း ပြောဆိုလာတဲ့ ရော်နယ်ဒို နဲ့ မက်ဆီ

ကမ္ဘာ့ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ၅ ဦး စာရင်းထဲ ပါဝင်နေတဲ့ ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမားကြီး ပီလီ ဟာ ယနေ့ နံနက် ၂ နာရီ ဝန်းကျင်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါပြီ။




ပီလီ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ် ရှိနေပြီ ဖြစ်ကာ ကင်ဆာရောဂါ နဲ့ လူကြီးရောဂါ တို့ကြောင့် ကွယ်လွန်သွား ခဲ့ရတာလည်း ဖြစ်ပါတယ်၊ ပီလီ ဟာ ဘောလုံး အားကစားကို ကမ္ဘာ့အနှံ့မှာ ထင်ရှားလာအောင် ဦးဆောင် ကြိုးပမ်းခဲ့တဲ့




ဂန္တဝင် ကစားသမား တွေထဲက တဦး ဖြစ်တာကြောင့် သူ ကွယ်လွန် သွားတာဟာ ဘောလုံးလောက အတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်၊ ဘောလုံး လောကရဲ့ ဂန္တဝင် တဦး ဖြစ်တဲ့ ပီလီ ကွယ်လွန်သွားပြီးနောက် ကမ္ဘာ တဝှမ်းမှာ ရှိတဲ့




နာမည်ကြီး ဘောလုံးအသင်းတွေ ဘောလုံးသမားတွေ က ပီလီ အတွက် ဝမ်းနည်း ကြေကွဲကြောင်း စကားတွေ အသည်းသည်း ပြောခဲ့ကြပြီး ဒီ တခါမှာတော့ ကျွန်တော်က လက်ရှိ ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမားတွေလို့




ပြောလို့ ရမယ့် ခရစ္စတီယာနို ရော်နယ်ဒို၊ မက်ဆီ နဲ့ နေမာ တို့ရဲ့ ဝမ်းနည်း ကြေကွဲကြောင်း စကားတွေကို ဖော်ပြ ပေးသွားချင် ပါတယ်။ ရော်နယ်ဒို- ကျွန်တော်က ဘရာဇီးလ် တနိုင်ငံလုံးနဲ့ မစ္စတာ အက်ဆန်၊ အာရန်တက်စ်ဒို၊ နက်စ်ဆီမန် ပီလီ ရဲ့ မိသားစုနဲ့




ထပ်တူ ဝမ်းနည်း ကြေကွဲရကြောင်း ပြောလိုပါတယ်၊ ထာဝရ ဘုရင်ကြီး ပီလီ ကို နှုတ်ဆက်ရတဲ့ အချိန်မှာ ဘောလုံးလောက တခုလုံး ရလာတဲ့ နာကျင်မှုတွေကို ဖော်ပြလို့တောင် ရမယ် မထင်ပါဘူး၊ ပီလီ က ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေးပေါင်း များစွာရဲ့




လေးစား အားကျမှုကို ရထားတဲ့ လူ တစ်ယောက်ပါ၊ သူက ဘောလုံး လောက အတွက် ပြယုဂ် တခုလည်း ဖြစ်ပါတယ်၊ သူနဲ့ ကျွန်တော်တို့က ဝေးကွာတဲ့ နေရာတွေမှာ နေထိုင်ကြပေမယ့် သူနဲ့ ကျွန်တော့်ရဲ့ ကြားမှာ အပြန်အလှန် မေတ္တာတွေ ထားခဲ့ကြတာကို




အောက်မေ့ သတိရမိပါတယ်၊ သူက ဘယ်တော့မှ မေ့ဖျောက်ခံရမယ့် လူစားမျိုး မဟုတ်ပါဘူး၊ သူ့ရဲ့ မှတ်ဉာဏ်တွေက ကျွန်တော်တို့ ဘောလုံး လောကကြီးနဲ့ အမြဲတမ်း အတူတူ ရှိနေမှာပါ၊ ငြိမ်းချမ်းစွာ အနားယူပါ၊ ဘုရင်ကြီး ပီလီ လို့




သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ပီလီကို နှုတ်ဆက် သွားခဲ့တာပဲ ဖြစ်ပါတယ်၊ လက်ရှိ ဘရာဇီးလ် အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာ ကလည်း- ပီလီ ရဲ့ခေတ် မရောက်ခင်မှာ ကျောနံပါတ် ၁၀ က သာမန် နံပါတ်လေး တခုပဲတဲ့၊ ကျွန်တော်က ဒီစာကြောင်းလေးကို

တနေရာရာမှာ ဖတ်ခဲ့ရသလို အမြဲတမ်း အမှတ်ရနေခဲ့ ပါတယ်၊ ဒီစာကြောင်းလေးက လှပပေမယ့် မပြည့်စုံ သေးပါဘူး၊ ကျွန်တော် ဖြည့်စွက် ပြောချင်တာက ပီလီခေတ် မရောက်ခင်မှာ ဘောလုံးဟာ သာမန် အားကစား တခုပါပဲ၊ ပီလီက ဘောလုံး အားကစားကို ပြောင်းလဲ သွားအောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။




သူက ဘောလုံးကို အနုပညာ တခုလို ဖြစ်အောင် လုပ်ပြခဲ့တယ်၊ သူက ဘောလုံးကို ဖျော်ဖြေမှု တခုလို ဖြစ်အောင် စွမ်းဆောင် ပြခဲ့တယ်၊ သူက ဆင်းရဲတဲ့ လူတွေ၊ လူမဲတွေနဲ့ ဘရာဇီးလ် နိုင်ငံရဲ့ အသံတွေကို ကိုယ်စား ပြုပေးခဲ့တယ်၊ ဘောလုံး လောကနဲ့

ဘရာဇီးလ် နိုင်ငံက ဘုရင်ကြီး ပီလီ ကို အမြဲတမ်း အမှတ်ရ နေမှာပါ၊ သူက သေဆုံးသွား ပေမယ့် သူ့ရဲ့ မှော်ဝင် ခြေစွမ်းတွေက ကျန်ခဲ့ဦးမှာပါ၊ ပီလီက ထာဝရ ရှင်သန်နေရမယ်၊ ဆိုပြီး ဝမ်းနည်း ကြေကွဲစကား ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။




၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ကလည်း ပီလီ တယောက် ကွယ်လွန်သွားတဲ့ အပေါ် ဝမ်းနည်း ကြေကွဲနေပြီး ရိုးရိုးအေးအေး နေတတ်တဲ့ မက်ဆီ က သူ့ရဲ့ ဝသီအတိုင်း ငြိမ်းချမ်းစွာ အနားယူပါ ပီလီ လို့ ဝမ်းနည်း ကြေကွဲကြောင်း ပြသသွားခဲ့ပါတယ်။

credit