မနက်ဖြန် ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက် Vs ဝုဗ် ပရီးမီးယလိဂ် ပွဲစဉ် အတွက် ခရဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

2022 ခုနှစ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဥ်တွေကို မနက်ဖြန်မှာ ယှဉ်ပြိုင် ကစား ကြရတော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် က ဝုဗ် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။




ဒီဇင်ဘာ 31 ရက် စနေနေ့ ည 7:00 နာရီမှာ စတင်မှာ ဖြစ်ပြီး ယခုပွဲစဉ် အတွက် ဘီဘီစီ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။ ခရစ်ဆက်တန် က- ဒီပွဲက မှန်းရ နည်းနည်း ခက်တဲ့ ပွဲပါ၊ ဘာဖြစ်လို့လဲ ဆိုတော့




ဝုဗ် က လိုပတ်တီဂူ ရဲ့ ပွဲဦးထွက်မှာ အဲဗာတန် ကို နိုင်ခဲ့တာကြောင့် ယုံကြည်မှု ပြည့်နေ ပါလိမ့်မယ်၊ သူတို့က မန်ချက်စတာ ယူနိုက်တက် ကိုလည်း တကယ် အနိုင် ကန်ဖို့ ကြိုးစားသွားကြမှာပါ၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် အသင်းကလည်း တိုးတက်မှု ကောင်းတွေ




ရှိနေပြီး ဝုဗ်ကို ကိုင်တွယ် နိုင်မယ်လို့ ထင်မိပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က နော့တင်ဟမ် ဖောရက်စ် ကို နိုင်တဲ့ ပွဲစဥ်မှာ ပွဲကို လွှမ်းမိုး ထားနိုင်ခဲ့တယ်၊ သူတို့က အဲရစ် တန်ဟက်ဂ် ကစားစေချင် သလို ကစား နိုင်တာကို စပြီး မြင်လာရပါတယ် ဘယ်သူကမှ




ခရစ္စတီယာနို ရော်နယ်ဒို အကြောင်း ထည့်မပြော နေတော့တာ၊ သူ ပါတာနဲ့ မပါတာ ဘယ်ဟာက ပိုကောင်းလဲ ဆိုပြီး ပြောမနေ ကြတော့တာ ကလည်း အသင်း အတွက် အကျိုး ဖြစ်လာ စေပါတယ်၊ ကလပ် အသင်း အတွက် နည်းနည်း စောနေပေမယ့် ရော်နယ်ဒို က




ထွက်ခွာသွား ပြီးပြီ အသင်းကလည်း ပိုပြီး ဟန်ချက် ညီလာပြီ၊ ဒီအသင်းက သူတို့ ဟန်နဲ့ ကစားနေတာကို စပြီး တွေ့နေရပါပြီ။လို့ ခရစ်ဆက်တန် က ဆိုသွားခဲ့ပါတယ်၊ ခရစ်ဆက်တန် ခန့်မှန်းရလဒ် ဝုဗ် 1-2 မန်ချက်စတာ ယူနိုက်တက် ပဲ ဖြစ်ပါတယ်။

credit