ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်လောက် ဖလား မရဘဲ နေလိမ့်မယ်လို့ မျှော်မှန်း ထားခဲ့မှာလဲ ဆိုပြီး မန်ချက်စတာ ယူနိုက်တက် ကို ဥပမာ ပေးပြီး သူ့ အသင်းသားတွေကို သတိပေးခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က သုံးနှစ်ဆက် ပရီးမီးယားလိဂ် ဖလား ရရှိဖို့ ကြိုးပမ်းနေပြီး သူအသင်းနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် ကို ဥပမာထားပြီး သတိပေး ပြောဆိုပါတယ်။




မန်စီးတီး အသင်းဟာ ဗုဒ္ဓဟူးနေ့က လိဒ်စ် ယူနိုက်တက်ကို 3-1 နဲ့ အနိုင် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ် နဲ့ ရမှတ်ကွာဟမှု ၅ မှတ် လျှော့ချ နိုင်ခဲ့ပြီး ဟာလန်း နဲ့ ရိုဒရီ တို့က ဂိုးသွင်းယူ ခဲ့ကြတာ ဖြစ်ပါတယ်။




ဂွာဒီယိုလာ ရဲ့အသင်းဟာ ဒီရာသီကုန်မှာ အာဆင်နယ်ကို ကျော်ဖြတ် နိုင်ခဲ့မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် ၁၉၉၉- ၂၀၀၁၊ ၂၀၀၇- ၂၀၀၉ နောက်ပိုင်း အင်္ဂလန် အမှတ်ပေး ဖလားကို သုကြိမ်ဆက် ရယူနိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာမှာပါ။




ဒီလိုသာ ရရှိခဲ့မယ် ဆိုရင် ၂၀၁၆ ခုနှစ်မှာ စပိန်လူမျိုး နည်းပြ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ကတည်းက ပရီးမီးယားလိဂ် ဖလား လေးကြိမ်ထိ ရရှိခဲ့ပြီး ဖြစ်တဲ့ မန်စီးတီး အတွက် မယုံနိုင်စရာ ကောင်းတဲ့ အောင်မြင်မှုလို့ ဆိုရမှာပါ၊ မန်စီးတီး ဟာ နောက်ဆုံး လိဂ်ပွဲစဉ်




၁၀ ပွဲထဲက ၇ ပွဲကို အနိုင် ရရှိခဲ့ပေမယ့် လီဗာပူး၊ ဘရန့်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့ပြီး အက်စတွန် ဗီလာ နဲ့ သရေ ကျခဲ့တာ ဖြစ်ပါတယ်၊ ဂွာဒီယိုလာ က ကမ္ဘာ့ဖလား နားရက် အပြီးမှာ ကစားသမားတွေ အနေနဲ့ ပရီးမီးယားလိဂ် ရာသီ ဒုတိယပိုင်းမှာ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့




လိုအပ်ကြောင်း သတိပေး ပြောကြားရာမှာ ကျွန်တော်တို့မှာ အချိန်ရှိတယ် ဆိုတဲ့ ခံစားချက်မျိုး ခင်ဗျားမှာ အမြဲတမ်း ရှိမှာပါ၊ ဒါပေမယ့် ခင်ဗျား အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် လို အသင်းတွေနဲ့ တိုက်ပွဲ ဝင်ရတဲ့ အချိန်မှာ ခင်ဗျားမှာ အချိန်မရှိပါဘူး။




ဒီတော့ ချက်ချင်းပဲ ရလဒ်ကောင်း ရရှိအောင် ကြိုးပမ်း ရမှာပါ၊ ဒီလိုမှ မဟုတ်ရင် ဖလား ရဖို့ မဖြစ်နိုင်ပါဘူး၊ အာဆင်နယ် ဆိုရင် ဖလားမရတာ အချိန် ကြာခဲ့ပြီ ဖြစ်ပြီး တစ်ခါတရံ ဒီလို ကန့်သတ်ချက်က ကွဲပြားခြားနား မှုတွေကို ပြုလုပ်နိုင်တယ် ဆိုတာ သိစေချင်ပါတယ်။




ကျွန်တော်တို့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အများကြီး ပြောကြတယ်၊ ကျွန်တော်တို့ လုပ်နိုင်အောင် ကြိုးပမ်းရပါမယ်၊ ဒီ ကစားသမားတွေကို သံယယ ရှိတာကြောင့် မဟုတ်ပါဘူး၊ ဘယ်လိုလုပ်ပြီး ကျွန်တော်က သံသယ ရှိရမှာလဲ၊ ကျွန်တော် ဒီမှာ သူတို့ကြောင့် အောင်မြင်မှုတွေ ရနေတာပါ။




သူတို့တွေ အဲဒါကို လုပ်နိုင်တယ် ဆိုတာ ကျွန်တော် သိတယ်၊ ဒီတော့ တစ်ခုခုက ပြောင်းလဲရတော့မှာ ဖြစ်ပြီး ကျွန်တော်တို့ အဲဒီမှာ ဇယားထိပ်ဆုံး ရှိနေရမယ် ဆိုတာကို သိပါတယ်၊ ၉၀ ကျော် ကာလတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပရီးမီးယားလိဂ်ကို




လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ အချိန်မှာ ဘယ်သူက သူတို့တွေ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်လောက် ဖလား မရဘဲ ရှိနေလိမ့်မယ်လို့ မျှော်မှန်း ထားခဲ့မှာလဲ? ကျွန်တော်တို့လည်း ဖြစ်နိုင်ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော့ အသင်းသားတွေ သိရှိဖို့ အတန်တန် သတိပေးတာပါ။

ကျွန်တော်တို့ ဒါကို မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ နည်းပြ ဒါမှမဟုတ် ကစားသမားတွေကို ပြောင်းလဲရမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ အခု လက်ရှိ အသင်းက အဲဒီ နေရာမှာ ဖြစ်နိုင်သလောက် အမြန်ဆုံး ရှိနေချင်လို့ပါပဲလို့ ပြောကြားသွားခဲ့ပါတယ်။

credit