မက်ဆီနဲ့ ရော်နယ်ဒို ကို ကျော်ပြီး လီဗာပူး အသင်းဖော်ကသာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဒါဝင် နူးနက်ဇ် ပြောဆို

လီဗာပူး ကစားသမား ဒါဝင် နူးနက်ဇ် ဟာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကြား ရွေးချယ်ပေးဖို့ မေးမြန်းခြင်း ခံခဲ့ရတဲ့ အချိန်မှာ ရယ်မောစရာ ကောင်းတဲ့ တုံ့ပြန်မှုကို နူးနက်ဇ်က ပြုလုပ်ခဲ့ပါတယ်။




လီဗာပူး ကြယ်ပွင့်ဟာ ဆယ်စုနှစ် တစ်ခုလောက် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ရော်နယ်ဒို တို့ကြား အငြင်းအခုံမှာ အဖြေပေးခဲ့ ပေမယ့်လည်း ကြယ်ပွင့် ကစားသမား နှစ်ဦးလုံးရဲ့ နာမည်ကို ဖြေကြားခဲ့ခြင်း




မရှိခဲ့ပါဘူ၊ ပရိသတ် တစ်ဦးက ဥရုဂွေး တိုက်စစ်မှူးကို အမှတ်တရ လက်မှတ် ထိုးပေးဖို့ ထွက်လာတဲ့ အချိန်မှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပြီး မိုဟာမက် ဆာလား နဲ့ အတူ ကစားနေတာ ကြောင့်လား မသိဘဲ ၎င်းရဲ့




အသင်းဖော်ကို ရွေးချယ် သွားခဲ့တာပဲ ဖြစ်ပါတယ်၊ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကြား ရွေးချယ်ဖို့ မေးမြန်းခဲ့တဲ့ အချိန်မှာ နူနက်ဇ်က ဆာလား လို့ တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ နူးနက်ဇ် အဖြေကို




ဖြေဆို နေချိန်မှာ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူးဟာ လက်မှတ် ထိုးပေးနေခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ နာမည်ကို ပြောကြားခဲ့တဲ့ အချိန်မှာ ဘာမေးခွန်း မေးလိုက်မှန်းတောင် သိလိုက်ပုံ မပေါ်ခဲ့တာ ဖြစ်ပါတယ်၊ မိုဟာမက် ဆာလား ဟာ ၂၀၁၇ ခုနှစ်မှာ လီဗာပူး အသင်းကို




ပြောင်းရွှေ့လာပြီး ကတည်းက လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့လို စံချိန်တွေ ရေးထိုးနိုင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာသူဟာ သွင်းဂိုး ၃၁ ဂိုး အထိ အထင်ကြီးဖွယ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

credit