အဲရစ် တန်ဟက်ဂ် အနေနဲ့ ကြယ်တစ်ပွင့်ကို ပွဲထွက်ခွင့် မပေးချင်တာနဲ့ လိမ်ညာဖို့ မသင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ပြောဆို

နော်တင်ဟမ် ဖောရက်စ် ကို 3-0 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ် အပြီး မန်ချက်စတာ ယူနိုက်တက်် ခံစစ်မှူးဟောင်း ပေါလ်ပါကား က အဲရစ် တန်ဟက်ဂ် ဟာ ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား နဲ့ ပတ်သက်ပြီး လိမ်ညာခဲ့တယ်လို့ ထုတ်‌ဖော် ပြောဆိုလိုက်ပါတယ်။




ဟယ်ရီ မက်ဂွိုင်းယား ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် မှာ ပွဲထွက် ကစားခွင့် ဆုံးရှုံးခဲ့ရပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အတွက်် ခြေစွမ်း ကောင်းတွေ ပြသနိုင်ခဲ့ပြီး ကလပ်အသင်းမှာ ပွဲထွက်ခွင့် ပြန်လည် ရရှိလိမ့်မယ်လို့ ထင်ကြေးပေး ခံခဲ့ရပါတယ်။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် တို့ နော်တင်ဟမ် ဖောရက်စ် အသင််းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ မက်ဂွိုင်းယား အနေနဲ့ ပွဲထွက်ခွင့် မရရှိခဲ့ပဲ အရန်လူ အဖြစ်သာ ပါဝင်ခဲ့ရပါတယ်၊ အဲ့ဒီ နေရာမှာ ဘယ်နောက်ခံလူ လုခ်ရှော က ဗာရန်း နဲ့ ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဒီပွဲစဥ် မတိုင်မီက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဟယ်ရီ မက်ဂွိုင်းယား ဖျားနာနေ ခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ဒါကြောင့် မက်ဂွိုင်းယား ဟာ အသင်းရဲ့ ပွဲစဥ် နှစ်ပွဲလုံး ပွဲထွက်ခွင့် ပျောက်ဆုံး ခဲ့ရပါတယ်။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ပေါလ်ပါကား က ဟယ်ရီ မက်ဂွိုင်းယား နဲ့ ပတ်သက်ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ ပြောဆိုမှုတွေဟာ အလိမ်အညာတွေ ဖြစ်ကြောင်း သူ နေမကောင်းရင် ကစားသမား စာရင်းထဲ ပါဝင်ခဲ့မှာ မဟုတ်ကြောင်း ပြောဆို လိုက်ပါတယ်။




လုခ်ရှော ဟာ ဗဟိုခံစစ်မှူး အဖြစ် ကစားတဲ့ အခါမှာ ကစားပုံ တကယ်ပဲ ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ပထမဆုံံး အနေနဲ့ ပြောချင်ပါတယ်၊ သူ အမှားတောင် နည်းနည်းမှ မကျူးလွန်ခဲ့လို့ ကျွန်တော်တို့ ဟယ်ရီ မက်ဂွိုင်းယား ကိုတောင် မလွမ်းဆွတ်ခဲ့ ကြပါဘူး။




ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဟယ်ရီ မက်ဂွိုင်းယား နေမကောင်းဘူး ဆိုတဲ့ ပုံပြင်ကိုတော့ ကျွန်တော် မယုံကြည််ပါဘူး၊ ဒါက လုံးဝကို လိမ်ညာမှု တစ်ခု ဖြစ်သလို လုပ်ကြံ ပြောဆိုခြင်း တစ်ခုပါပဲ၊ ဒါဟာ ဘယ်နည်းနဲ့မှ အဓိပ္ပါယ် မရှိပါဘူး။




မန်ချက်စတာက အေးခဲတဲ့ ရက်စွဲတွေမှာ ခင်ဗျားဟာ နေမကောင်းတဲ့ သူကို အရန်ခုံပေါ်မှာ ထိုင်ခိုင်းစရာ အကြောင််း မရှိပါဘူး၊ သူ အဆင်သင့် ဖြစ်နေခဲ့ပါတယ်၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် က လုခ်ရှော ကို ပွဲထုတ်ချင် နေခဲ့တာပါ ၊လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit